ဟေရှာယအနာဂတ္တိကျမ်း ၄၇

၈။ ဗာဗုလုန်ပျက်စီးခြင်း(အခန်း၄၇)

၄၇:၁-၄ ဗာဗုလုန်ကိုနန်းကျမဒီ ဘုရင်ပျိုမနှင့်ပုံနှိုင်းထားသည်။ သရဖူစွန့် လွှတ်ပြီး မြစ်ရိုးတလျှောက်တွင် တောက်တိုမယ်ရအစေခံမ လုပ်နေ ရသည်။  မျက်နှာအုတ်လျက်ကြိတ်ဆုံတွင် ဆန်ဖွတ်နေရပြီ။ ယခုမူ လူတစ်ယောက်မှမကျန် မျိုးတုန်းအောင် ဘုရားသခင်က အရေးယူအပြစ်ပေးမည်။    အဘယ်ကြောင့်ဆို သော် တချိန်က ဣသရေလတို့၏ အရှင်သခင်၊ ကယ်တင်ရှင်သဖွယ်လေထွား ခဲ့သည်။

၄၇း၅-၁၅ ဒုစရိုက်အပြစ် (၄) မျိုးဖြင့် ဗာဗုန်လုန်ကို တရားစီရင်မည်။

၁။  ဘုရားသခင်က ဘုရား၏လူများအား ဖမ်းဆီးခေါ်ဆောင်ခိုင်းသော်လည်းရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံကျွန်ပြုဖို့မခိုင်း။  ယခုအခါတွင် “နိုင်ငံ တို့၏အရှင်မ” အဖြစ်ခံယူချင်သည်။  သို့သော် ဘုရားရှင်က “နိုင်ငံတို့၏အရှင်မအဖြစ် ဘယ်သောအခါမှမဖြစ်ရ” ဟုဆိုသည်။

၂။  သူ့စည်းစိမ်ဥစ္စာဓနအား ဘယ်အရာကမှမဖျက်ဆီးနိုင်လေ.မောက်မာဝါ ကြွားထောင်လွှားခဲ့သည်။  သို့သော် တနေ့သောအခါ အမိမဲ့သားရေနည်းငါး ကူဖေါ်လောက်ဖက်မရှိသော မုဆိုးမဖြစ်ဦးမည်။  ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာဦးမည်ဟု ဆိုသည်။

၃။  ညစ်ညမ်းယုတ်မာသော လမ်းစဉ်ဖြင့် သူတပါးကို  နိုင်စားခဲ့သည်။  မတရား မသန့်ရှင်းသော နည်းဖြင့် စီးပွားရှာစားခဲ့သည်။  ထိုအမူအရာများသည် မည်သူ မှမသိမမြင်ရ စိတ်ထဲမှာကြွားထားသော်လည်း ကံတူအကျိုးပေးခံစား ရဦးမည်။   ဝဋ်လည်ဦးမည်။

၄။  ဗေဒင်ကိန်းဂဏာန်း၊ အောက်လမ်းပညာများကို သုံးစားခဲ့သည်။  ထိုအကြောင်းကို Jennings က “သူ၏ညစ်ပတ်စုတ်ပဲ့မှု စုံလင်အောင် ယေ ဟောဝါဘုရားက ဖြည့်ဆည်းပေးသည်”၅၈ ဟုဆိုသည်။  ထိုအပြင်ဒုစရိုက် အယူ အမှားမောဟတရား အတွက် ဘုရားသခင်က မီးပုံထဲသို့ ရှို့ပစ်မည်မဟုတ်။ ကိုယ့် ထိုက်နှင့်ကိုယ့်ကံဖြစ်သည်။ မည်သူမှမကယ်နိုင်သောပျက်စီးခြင်းလမ်းသို့ရေ စုန်မျှောရမည်။

Previous Article
Next Article