ဟောရှေအနာဂတ္တိကျမ်း ၃

၅။ ဟောရှေမိန်းမပြန်ရွေးခြင်းသည် ဣသရေလတို့ ယေဟောဝါဘုရားထံ ပြန်လည်ရောက်ရှိလာမည့်အကြောင်း အတိတ်နိမိတ် (အခန်း၃)

          : ထို့နောက်ဘုရားသခင်သည် ဟောရှေအား ပွဲစျေးသို့သွား၍ ဖောက်ပြန်သော သူ့မိန်းမအားပြန်လည် ရွေးယူစေသည်။ ရွေးနှုတ်ခမှာ တစ်ဆယ့်ငါးကျပ် နှင့် ဆန်တစ်တင်းခွဲဖြစ်သည်။ ထိုအဖိုးစားနားကား ကျွန်မိန်းမ၏တန်ဖိုးပမာဏ ဖြစ်သည်။ ထိုနောက်ပိုင်းတွင်မူ အကြင်လင်မယားဖြစ်သည့် အားလျော်စွာ အိမ်ထောင်မှုရေးရာကို မိန်းမဝတ္တရားမပျက် စောင့်ထိန်းစေသည်။ ဤအဖြစ်သနစ်သည်ကား ဣသရေလလူမျိုးတို့၏ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်သမိုင်းကို ပုံဆောင်ပြနေသည်။ ယေဟောဝါ ဘုရားရှင် (NKJV Lord) သစ္စာပျက်ယွင်းလျက် သူတပါးရင်ခွင် လင်ငယ် (ရုပ်တုဆင်းတု)ထံသို့ ခြံခုန်ကူးသော်လည်း ဘုရားရှင်သည် မေတ္တာမပျက်နိုင်သောကြောင့် ပြန်ခေါ်သည်။

          : အပိုဒ် ၄ ၏ ဆိုလိုချက်မှာ ထိုခေတ်ကာလတွင် ဣသရေလတို့၌ အုပ်စိုးသူမရှိ။ မင်းရိုးနန်းဆက်မရှိ။ ယဖ်ပူဇော်ခြင်းမရှိကြ။ (ယဇ်ပူဇော်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့်သက်ဆိုင်သည်)။တေရပ်ရုပ်တုမရှိ။ ဗိမာန်တော်မရှိ။ သင်တိုင်း-(ယဇ်ပူဇော်ရာတွင်ယဇ်ပုရောဟိတ်ဆင်မြန်းရသော ဝတ်ရုံ)မရှိ။ ယဇ်ပလ္လင် မရှိကြ။

          ဣဿရေလတို့၏ အနာဂတ်ကံကြမ္မာကို အပိုဒ်ငယ်(၅)တွင် ဖော်ပြထားသည်။ ဘုရားသခင်ထံသို့ ချစ်ကြောက်ရိုသေစွာ ပြန်လည်ရောက်ရှိ၍ သစ္စာရှိွာကိုးကွယ်ကြရမည်။

Previous Article
Next Article