ယောရှုမှတ်စာ ၁၃

၂။ ကတိတော်မြေပေါ်တွင်အခြေချခြင်း (အခန်း ၁၃၂၄)

(က) ကတိတော်မြေပိုင်ဆိုင်ခြင်း (၁၃း၁၁၇)

          ၁၃: ယောရှုသည် အသက်ကြီးအရွယ်ထောက်လာပြီ။ ကတိတော်ပြုထားသော နယ်မြေအား သိမ်းပိုက်ရန်လည်း ကျန်ရှိနေသေးသည်။ သိမ်းပိုက်ရမည့် နယ်မြေများသည် အနောက်တောင်နှင့် အနောက်မြောက်အရပ်မြေများဖြစ်သည် (အပိုဒ်ငယ် ၂-၆တွင် ကြည့်ပါ)။ ကတိတော်မြေသည် အရှေ့ဘက်တွင် ဥဖရတ်မြစ်ထိ ကျယ်ဝန်းသည်။ သို့သော်လည်း ပိုင်ပိုင်နိုင်နိုင်ပိုင်ဆိုင်ခြင်း မရှိကြသေး။၁၂

၁၃: ယော်ဒန်မြစ်အနောက်ဘက်ကမ်း သိမ်းပိုက်နယ်မြေအား လူများ ၉ ၁/၂ မျိုးသို့ ခွဲဝေပေးရန် ဘုရားရှင်က ယောရှုသို့ညွှန်ကြားသည်။

() ကတိတော်မြေခွဲဝေကြခြင်း (၁၃:၁၉:၅၁)

၁။ ရုဗင်၊ ဂဒ်နှင့်မနာရှေလူတစ်ဝက် (၁၃:၃၃)

လူမျိုးနှစ်မျိုးနှင့်တစ်ဝက်တို့အား ယော်ဒန်မြစ်အရှေ့ခြမ်းတွင် နေရာထိုင်ခင်းချထားသည်။ ထိုသူမျိုးအသီးသီးတို့၏ ပိုင်မြေနယ်နိမိတ်ကို အငယ် ၈-၁၃တွင် ရှင်းပြထားသည်။ ရုဗင်လူ (ငယ်၁၅-၂၃)၊ ဂဒ်လူ (ငယ် ၂၄-၂၈) နှင့် မနာရှေလူတစ်ဝက် (ငယ် ၂၉-၃၁) တို့ဖြစ်သည်။

လေဝိလူများသည် နယ်မြေအမွေမရကြ (ငယ်၁၄)။ လေဝိတို့သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်အမျိုး ဖြစ်ကြသောကြောင့် သီးသန့်အမွေ စီရင်ထားသည်(ငယ်၃၃)။ လေဝိအမျိုးဖယ်လိုက်လျှင် တစ်ဆယ့်တစ်မျိုးသာ ရှိသော်လည်း ယောသပ်၏သားများဖြစ်ကြသော ဧဖရိမ်နှင့်မနာရှေလူတို့ကို ယောသပ်အမျိုးတွင် ထပ်မံခွဲခြားကြသောကြောင့် တစ်ဆယ့်နှစ်မျိုးပြန်ဖြစ်သည်။ ထိုသို့ထည့်သွင်းရေတွက်ရခြင်းမှာ ယာကုပ်သေခါနီးတွင် သူ့သားများအဖြစ် ကောင်းကြီးမင်္ဂလာပေးခဲ့သည် (က၄၈:၅)။

အပိုဒ်ငယ် ၂၂တွင် ယော်ဒန်ပြည်ဝင်ရောက်စဉ် ပရောဖက်ဗာလမ်ကွပ်မျက်ကြသည့် အကြောင်းကို တကူးတကရေးထားသည်။ ဘုရားသခင်၏ ပရောဖက်ဖြစ်ပါလျက် ဘုရားသခင်၏ လူများအပေါ် ပြစ်မှားခဲ့ချက်များကို ဘုရားသခင်က အမှုမဲ့အမှတ်မဲ့မနေ(တော ၂၃-၂၅ ကိုကြည့်ပါ)။ “သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည့်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မှီလိမ့်မည်” (တော ၃၂:၂၃)။

အပိုဒ်ငယ် ၂၅တွင် စိတ်ပါဝင်စားစရာ ပြဿနာကြုံတွေ့ရသည်။ တရား၂:၁၉ တွင် မသိမ်းယူရန် တားမြစ်ထားသောမြေကို ဂဒ်လူမျိုးများက တချို့တစ်ဝက်သိမ်းယူပိုင်ဆိုင်ကြောင်း အပိုဒ်ငယ် ၂၅တွင် တွေ့ရသည်။ ဤမြေသည် အမ္မုန်လူတို့ မူလပိုင်မြေမဟုတ်။ အာမောရိဘုရင်ရှိဟုတ်ထံမှ သိမ်းပိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်ဣသရေလတို့သည် ရှိဟုန်မင်းပိုင်မြေ သိမ်းယူရရှိခဲ့သည်။

အပိုဒ်ငယ် ၂၆တွင်ပါရှိသည့် ဒေဗိရသည် အခန်းကြီး ၁၂မှ ဒေဗိရမဟုတ်ပါ။ ဤမြို့သည်ယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိမြို့ဖြစ်သည်။

Previous Article
Next Article