တောလည်ရာကျမ်း ၄
၄:၁–၃ အခန်း(၄)တွင် ဖော်ပြသည့် လေဝိအမျိုးလူဦးရေသည် တဲတော်အမှုလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်နိုင်သော လူဦးရေဖြစ်သည်။ အသက် ၃၀မှ ၅၅ နှစ်အရွယ်များဖြစ်သည်။
၄:၄–၂၀ ထွ ၂၅:၁၅ တွင် “ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်ရ၊ အစဉ်ရှိစေရမည်” ဟု ဆိုထားသည်။ သို့သော် ဤအပိုဒ်ငယ် ၆တွင် “ယဇ်ပုရောဟိတ်က ထမ်းပိုးကိုလှန်ရမည်” ဟု ဆိုထားပြန်သည်။ ထိုသို့ ရှေ့နောက်ဆန့်ကျင်သော စကားရပ်ကို Keil and Delitzch သမ္မာကျမ်းစာအနက်ဖွင့်တွင် အပိုဒ်ငယ် ၆သည် နှုတ်ပြီးသားကို ပြန်လျှိုခြင်းမဟုတ်၊ အနေအထားပြုပြင်ခြင်း ဖြစ်သည်ဟု ဆိုသည်။၃
ကောဟတ်အမျိုး၏ တာဝန်ဝတ္တရားကို (ငယ် ၄-၂၀)တွင် ရှင်းထားသည်။ အာရုန်နှင့်သားများက တဲတော်ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ပေးသည်။ ထည့်စရာများပြင်ဆင်ပေးသည် (ငယ် ၅-၁၃)။ ပဋိညာဉ်သေတ္တာ (ငယ် ၅-၆) ပစ္စည်းတင်စားပွဲ (ငယ် ၇၊၈) ရွှေစင်မီးတိုင် (ငယ်၁၂)အသုံးအဆောင်ပစ္စည်းများ (ငယ် ၁၂)၊ မီးရှို့ရာကြေးယဇ်ပလ္လင် (ငယ် ၁၃-၁၄)တို့ကို သားရေဖြင့် အုပ်ရသည်။ ကောဟတ်၏ အခြားသားများက ထိုပစ္စည်းပစ္စယများကို ထမ်းသွားကြသည် (ဤနေရာတွင် အင်ဂုံကိုမဖော်ပြသော်လည်းပါရှိသည်ဟုမှတ်ယူရမည်။) ထိတွေ့ကိုင်ဆောင်ခွင့်၊ အဖုံးလှပ်၍ ငုံ့ကြည့်ခွင့်မပြု။ အကယ်၍ ပြုမိလျှင် သေပွဲဝင်ရသည် (ငယ် ၁၅၊၁၇-၂၀)။ အာရုန်၏သား ဧလာဇာက တဲတော်အဖွဲ့နှင့်အခမ်းအနားပြင်ဆင်ရေးအဖွဲ့ကို ဦးစီးဦးဆောင်ရသည် (ငယ် ၁၆)။
အသန့်ရှင်းဆုံးဌာနတော်နှင့် သန့်ရှင်းရာဌာနတော်ကြားရှိ ကုလားကာဖြင့် ပဋိညာဉ်သေတ္တာအား ဖုံးအုပ်ထားရသည် (ငယ်၅)။ ဣသရေလတို့ကို ချီတက်နေစဉ်တွင်လည်း တောက်လျှောက်အုပ်ထားရသည်။ ခရစ်တော်၏ ကိုယ်ပုံဆောင်သည်။ ယဇ်ပုရောဟိတ်ကြီးကို ကောင်းကင်ဘုံရှင် ဘုရားသခင်မှလွဲ၍ ကြည့်ရှုတွေ့မြင်သူမရှိသကဲ့သို့ ထိုပဋိညာဉ်သေတ္တာသည် ကြည့်ရှုပိုင်ခွင့်မရှိ။
၄:၂၁–၂၈ ဂေရရှုန်အမျိုးသည် ပရိသတ်စည်းဝေးရာ တဲတော်လိုက်ကာများ၊ ဝင်းထရံ၊ ကုလားကာအပေါ်တဲ၊ သဟာရှသားရေများ ကိုတာဝန်ယူရသည်။ အာရုန်၏သားဣသမာ ကကြီးကြပ်ကွပ်ကဲရသည်။
၄း၂၉-၃၃ မေရာရိ၏သားများသည် ပရိတ်သတ်စည်းဝေးရာတဲတော်လိုက်ကာများ၊ ဝင်းထရံကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေဖုံးများတာဝန်ယူရသည်။
၄:၃၄–၄၉ လေဝိ၏သားများအောက်မှ လူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ကောဟတ်အဖွဲ့ ၂၇၅၀
ဂေရရှုန်အဖွဲ့ ၂၆၃၀
မေရာရီအဖွဲ့ ၃၂၀၀
______________________________
စုစုပေါင်း(အသက် ၃၀-၅၀) ၈၅၈၀