တောလည်ရာကျမ်း ၃
(ခ) လေဝိအမျိုးဦးရေနှင့် တာဝန်ဝတ္တရား (အခန်း ၃–၄)
အခန်း ၁-၂တွင် ဖော်ပြသည့် တိုက်ခိုက်ရေးအင်အားစာရင်းတွင် မပါဝင်သော လေဝိအမျိုးအနွယ်၏ အမှုအရာများကို အခန်း၃နှင့် ၄တွင် သီးသန့်ရှင်းပြထားသည်။ လေဝိအမျိုးသည် ဘုရားသခင်၏ အမှုတော်ထမ်းဆောင်ရန် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်အခန်း သီးသန့်တာဝန်ချထားသူများ ဖြစ်သည်။ ဘုရားသခင်သည် အစပထမတွင် သားဦးများကို အမှုတော်ထမ်းဆောင်ရန် ရွေးချယ်သော်လည်း ကာလကြာလာသောအခါ သတ်သတ်မှတ်မှတ်စနစ်တကျရှိစေရန် လေဝိအမျိုးကို သီးသန့်တာဝန်ပေးအပ်သည် (ငယ် ၁၂-၁၃)လေဝိအမျိုးကို သီးသန့်တာတန်ပေးအပ်သည် (ငယ် ၁၂-၁၃)။ လေဝိတွင် ဂေရရှုန်၊ ကောဟတ်၊ မေရာရိ သားသုံးယောက်ထွန်းကားသည်။ ထိုအမျိုးအနွယ်အား တဲတော်နှင့် ပတ်သက်သော အမှုအရာအလုံးစုံ တာဝန်ပေးအပ်သည်။
၃:၁–၁၀က အာရုန်မိသားစု (ကောဟတ်ဘိုးအေအမျိုးရိုး သည်ယဇ်ပုရောဟိတ်မျိုးရိုး(ငယ်၉) ဖြစ်သည်။ အခြားလေဝိ အမျိုးသားများကလည်း၊ တဲတော်လုပ်ငန်းကို ဝင်ရောက်ကူညီကြသည်။ သို့သော် ယဇ်ပုရောဟိတ် အမျိုးအနွယ် မဟုတ်ကြ။ Pentateuch ကျမ်းများတွင် ယဇ်ပုရောဟိတ်မျိုး လေဝိအမျိုးသားများဟု သုံးလေ့ရှိသည်။ ထိုသို့ဆိုရာတွင် လေဝိအမျိုးနွယ်တိုင်း ယဇ်ပုရောဟိတ်ဖြစ်ကြသည်ဟု ဆိုလိုခြင်းမဟုတ်။ ယဇ်ပုရောဟိတ်များသည် လေဝိအမျိုးနွယ်များ ဖြစ်သည်ဟု ဆိုလိုသည်။ ယဇ်ပုရောဟိတ်အမျိုးနွယ် ဆင်းသက်လာပုံကို အငယ် ၁-၄တွင် ရှင်းပြထားသည်။ နာဒပ်နှင့်အဘိဟု တို့ မီးလောင်းကျွမ်း သေဆုံးကြပြီးသောအခါ အာရုန်၏သား အငယ်ကောင်များဖြစ်ကြသော ဧလာဇာနှင့် ဣသမာတို့က ယဇ်ပုရောဟိတ်တာဝန်ဆက်လက် ထမ်းဆောင်ကြသည်။ လေဝိအမျိုးသည် ယဇ်ပုရောဟိတ် အရိုက်အရာ ဆက်ခံသူများဖြစ်သည် (ငယ် ၅-၉)။ အာရုန်၏သားမြေးမှလွဲ၍ အခြားသူများ ယဇ်ပုရောဟိတ်အမှုအရာ ထမ်းဆောင်ခွင့်မရှိ (ငယ် ၁၀)
၃:၁၀–၁၃ ရှေးယဇ်ပုရောဟိတ်များသည် လောကအပြစ်သားတိုင်းအား ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပေးနိုင်စွမ်း မရှိကြပါ။ ယဇ်ပုရောဟိတ်မှတပါး အခြားသူများအား သန့်ရှင်းသောအရာ ကိုင်တွယ် ထိတွေ့သူများကို သေခြင်းအပြစ်ဒဏ် ပြဌာန်းပေးသည် (ငယ် ၁၀)။ ခေတ်သစ် ယဇ်ပုရောဟိတ်ကြီး သခင်ယေရှုခရစ်တော်မူကား ယုံကြည်သော သားသမီးတိုင်းကို အဘဘုရားသခင်ထံတော်သို့ ရင်းနှီးစွာ ဝင်ရောက်နိုင်ခွင့် ဖန်တီးပေးသည်။ ကိုယ်တော်တိုင် အဘဘုရားထံသို့ ပို့ဆောင်ပေးသည် (ဟေဗြဲ၄:၁၆)။ တောလည်ရာကျမ်းနှင့် ဟေဗြဲကျမ်းတို့၏ ကြီးမားသော ပြောင်းလဲမှုဖြစ်စဉ်ဖြစ်သည်။ ကရာနီတောင်ကုန်း၏ အံ့ဖွယ်အမှုတော်ကြီးပါတကား။
၃:၁၄–၃၉ လေဝိအမျိုးကို တိုက်ခိုက်ရေးအင်အားစာရင်းတွင် ထည့်မတွက်။ ဝတ်ပြုထုံးနည်းနာ ပြုသူများ (ငယ်၁၅)ဖြစ်သည်။ လေဝိ၏သားများကိုလည်း အသီးသီး တာဝန်ခွဲဝေထားသည်။
လူမျိုး | တာဝန် | ကျမ်းကိုး | ဦးရေ |
ဂေရရှုန် | လိုက်ကာများ၊ အမိုးများ၊ တဲတော် အကာအရံများ ပဋိညာဉ်သေတ္တာအမှုအရာ ကုလားကာမှလွဲ၍ တဲဝင်းရှိကုလားကာများ | ငယ် ၁၈-၂၆ | ၇၅၀၀ |
ကောမာတ် | အသန့်ရှင်းဆုံးဌာနတော်
ပဋိညာဉ်သေတ္တာ၊ပစ္စည်း တဆေးပွဲ၊ ပိုက်ကာနှင့် ဆက်စပ်ပစ္စည်း အသုံးအဆောင်များ ရွှစင်မီးတိုင် |
ငယ် ၇-၃၁ | ၈၆၀၀ |
မေရာရိ | အကာသားများ၊ ကြွက်လျှောက်တန်းများတို့နှင့် တိုင်ဆက်ချိတ်များ၊ ကန့်လန့်ကျင်များ၊ ဝင်တိုင်၊ တံသင်နှင့် ကြိုးများ | ငယ် ၃၃:၃၇ | ၆၂၀၀ |
လေဝိအမျိုးသားများသည် တဲတော်ပတ်လည်တွင် စခန်းချကြရသည်။ ဂေရရှုန်အမျိုးသည် အနောက်ဘက် (ငယ် ၂၃)၊ ကောဟတ်၏ အမျိုးသည် တောင်ဘက် (ငယ် ၂၉)။ မေရာရိအမျိုးသည် မြောက်ဘက် (အငယ် ၃၅)၊ မောရှေ၊ အာရုန်နှင့် သားများသည် အရှေ့ဘက်၊ တဲတော်အဝင်စာမျက်နှာတွင် အသီးသီးတပ်ချနေရာယူကြသည် (ငယ် ၃၈-၃၉)။
လေဝိအမျိုးသည် ဣသရေလအမျိုးတွင် လူဦးရေ အနည်းဆုံးဖြစ်သည်။ အသက် တစ်လမှ အထက်ယောက်ျားသားဦးရေ နှစ်သောင်းနှစ်ထောင်ကျော် (ငယ် ၃၉)သာရှိသည်။ အပိုဒ်ငယ် ၂၂-၂၈ နှင့် ၃၄တွင် စုစုပေါင်း ၂၂,၃၀၀ ရှိသည်ဟု ဆိုသည်။ ထိုသို့ စာရင်းဇယား ကွဲပြားခြင်းမှာ လူဦးရေ ၃၀၀ ထပ်တိုးခြင်းသည် သားဦးများထပ်မံပေါင်းထည့်ခြင်းဖြစ်သည်ဟု William က တွက်ချက်ကြသည်။ အဲဂုတ္တုပြည်မှ စတင်ထွက်ခွာကြစဉ်က ပထမသားဦးများကို ယဇ်ပုရောဟိတ်အနွယ်ဟု စာရင်း မှတ်ခိုင်းခဲ့သည်။
၃:၄၀–၅၁ ပထမသားဦးများအစား ဘုရားသခင်က လေဝိအမျိုးကို ယဇ်ပုရောဟိတ်မျိုးအဖြစ် ရွေးချယ်ခန့်အပ်သည်။ လေဝိအမျိုးတွင် ယောက်ျားသားဦးရေ ၂၂,၀၀၀ ရှိ၍ ပထမသားဦးများ ၂၂,၂၇၃ ဦးရှိသည် (ငယ် ၃၉-၄၃)။ ပထမ ဖော်ပြထားသည့်အတိုင်း သားဦးများက ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်ရန် လုံလောက်မှုမရှိ။ ထို့ကြောင့် ပထမခန့်အပ်ထားသော သားဦး ၂၂,၂၇၃ ဦးကို တစ်ယောက်လျှင် အကျပ်(၅)ကျပ်စီဖြင့် ပြန်လည် ရွေးယူခွင့်ပြုလိုက်သည်။ ထို့ကြောင့် ရွေးနှုတ်ခသည် (၂၇၃x၅=၁၃၆၅ကျပ်)ရရှိသည်။ ထိုငွေကို အာရုန်နှင့်သားများသို့ ပေးအပ်ကြသည် (ငယ် ၅၁)။ ထို့ကြောင့် အပိုဒ်ငယ် ၄၃ပါ ဖော်ပြသည့် အင်အားသည် အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် ခန့်အပ်ထားသည့် ပထမသားဦးများလည်းပါရှိသည်ဟု တွက်ချက်ရသည်။