Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရာဇဝင်ချုပ်ပထမစောင် ၁၁

    ၃။ဒါဝိဒ်နန်းစံခြင်း (အခန်း၁၁–၂၉) (က) ဒါဝိဒ်၏စစ်တပ် (အခန်း ၁၁–၁၂) ၁။ဒါဝိဒ်၏ ညာလက်ရုံးစစ်သူကြီးများ (အခန်း၁၁)           ၁၁:၁–၃      ရာဇဝင်ချုပ်တွင် အရေးမပါအရာမရောက်သော ဣရှဗောရှက်အကြောင်းကို မှင်ကုန်ခံ၍မရေးမှတ်ပါ။ ဟေဗြုန်တွင် ဒါဝိဒ်မင်းနှင့်အတူ ပွဲတော်တည်သည့်အကြောင်းသာ တခွန်းစနှစ်ခွန်းစပါသည် (၂ရာ၅)။           ၁၁:၄–၉     ဒါဝိဒ်မင်း၏ ပထမဦးဆုံးလုပ်ငန်းစဉ်မှာ...

  • ရာဇဝင်ချုပ်ပထမစောင် ၁၂

    ၂။ ဒါဝိဒ်၏ သစ္စာခံနောက်လိုက်များ (အခန်း၁၂)           အခန်း၁၁ မှ သူရဲကောင်းများသည် ဒါဝိဒ်မင်းသို့ ပုဂ္ဂိုလ်ရေးအရ သစ္စာစောင့်သိ အကျိုးပြုသူများဖြစ်သည်။ အခန်း(၁၂) ပုဂ္ဂိုလ်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုးဆောင်သူများဖြစ်သည်။ ဒါဝိဒ်မင်းတောခိုပုန်းရှောင်စဉ်တွင် ပတ်သက်ရာပတ်သက်ခဲ့သော လူမျိုးများအမည်စာရင်းကို အခန်း(၁၂) တွင် ရေးမှတ်ထားသည် (ငယ် ၁-၂၂)။ ဣရှဗောရှက်သေဆုံးပြီး ဟေဗြုန်သို့ ပြန်လာချိန်တွင် ပတ်သက်သူများကို (ငယ်၂၃-၄၀)တွင် ဖော်ပြထားသည်။...

  • ရာဇဝင်ချုပ်ပထမစောင် ၁၃

    (ခ) ယေရုရှလင်သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်ခြင်း (အခန်း ၁၃–၁၆)           ၁၃:၁–၈                  ဒါဝိဒ်မင်း ပထမဆုံးအကြိမ် ပဋိညာဉ်သတ္တောသယ်ဆောင်ရန် ကြိုးပမ်းချက်ဖြစ်သည်။ လောလောလတ်လတ် နန်းတော်သစ် သို့ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော် စိုးစံစေချင်သည်။ ရှောလုမင်း လက်ထက်တွင် ပဋိညာဉ်သေတ္တာ ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟု မအောက်မေ့ခဲ့။ ဖိလိတ္တိတို့ လက်ထဲသို့ ကျရောက်ခဲ့ပြီး (၇)လ အကြာတွင်...