Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ရာဇဝင်ချုပ်ပထမစောင် ၂၀

    ၂၀:၁–၂                  ဒါဝိဒ်မင်းကိုယ်တိုင်သည် ယေရုရှလင်မြို့တွင် နန်းစံ၍ (၂ရာ ၁၂:၁) ဗိုလ်ချုပ် ယွာဘအား ရဗ္ဗာမြို့ကို တိုက်ခိုက်သိမ်းပိုက် စေသည်။ ထိုမြို့ ကြံ့ကြံ့ခံသဖြင့် (၂)နှစ်တိုင်တိုင် ဝိုင်းရံတိုက်ခိုက်ကြသည်။ ထိုကာလတွင် ဒါဝိဒ်သည် သူ၏ စစ်သူရဲကောင်းသုံးကျိပ်စာရင်းဝင် ဥရိယ၏ မယားဗာသရှေဘအား မတရားကျင့်သည်။ ၂ရာ ၁၂တွင် ဒါဝိဒ်မင်း၏ ထိုအပြစ်နောင်တရပုံ ရှင်းပြသော်လည်း ဤကျမ်းတွင်မူ အပြစ်ဒုစရိုက်အကြောင်း ချန်လှပ်ထားသည်။...

  • ရာဇဝင်ချုပ်ပထမစောင် ၂၁

    (င) သန်းခေါင်စာရင်း၏ အကျိုးဆက် ကာလနာ ရောဂါ (အခန်း၂၁)           ဤအခန်းနှင့် ၂ရာ ၂၄ ကို ဖတ်လျှင် ဒါဝိဒ်မင်းက တိုင်းသူပြည်သားများအား သန်းခေါင် စာရင်း ကောက်ယူသောကြောင့် အမျက်တော်ရှသည်ဟု ဆိုသည်။ ထိုသို့ သန်းခေါင်စာရင်းကောက်ခြင်းသည် စာတန်၏လှုံ့ဆော်မှုဖြစ်ကြောင်း ဤကျမ်းပိုဒ်အရ နားလည်ရသည်။ အဖြစ်မှန်မှာ ဘုရားသခင်က စာတန်ကို ဒါဝိဒ်မင်းအား စုံစမ်းရန် ခွင့်ပြုခြင်းဖြစ်သည်။...

  • ရာဇဝင်ချုပ်ပထမစောင် ၂၂

    (စ) ဗိမာန်တော် ဆောက်လုပ်ဖို့ ပြင်ဆင်ခြင်း (အခန်း ၂၂–၂၆) ၁။လူပစ္စည်းနှင့် လှုပ်ရှားမှု (အခန်း၂၂)           ၂၂:၁–၅                   ဒါဝိဒ်မင်းက အရောန၏ ကောက်တလင်းပြင်အား မီးရှို့ရာယဇ်      ပလ္လင်တည်ဖို့ (၂၁:၂၈) သတ်မှတ်သည်။ သူ့သားသာလျှင် ဗိမာန်တော်ဆောက်လုပ်ဖို့ ဘုရားသခင်က အထူးအခွင့်အရေးပေးကြောင်း သိသောအခါ ဒါဝိဒ်မင်းသည် ဗိမာန်တော်ဆောက်လုပ်ဖို့ လိုအပ်သော ပစ္စည်းများကို...