Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • သုတ္တံကျမ်း ၂၆

    ၂၆:၁ နွေရာသီနှင့်ဆီးနှင်း၊ စပါးရိတ်သိမ်းချိန်နှင့်မိုးရေ မအပ်စပ်။ ထိုကဲ့သို့ပင် လူမိုက်များသည်လည်း ချီးမွမ်းခြင်းမထိုက်။ အဘယ်ကြောင့်ဆိုသော် စိတ်သဘောထားအရဖြစ်စေ၊ ကိုယ်ကျင့်တရားအရဖြစ်စေ လူရာဝင်သူများမဟုတ်။ လူမိုက်ချီးမွမ်းခြင်းသည် အရူးဘုံမြောက်ခြင်း ဖြစ်သည်။ ၂၆:၂ ဇရက်နှင့်စာကလေးများသည် လေထဲမှာ ပျံသန်းကြသော်လည်း အကြောင်းမရှိဘဲ၊ သင့်ထံသို့ မရောက်လာနိုင်။ ထိုကဲ့သို့ပင် အကျိုးအကြောင်းတစုံတရာ ပတ်သက်မှုမရှိဘဲ၊ ကျိန်ဆဲစရာအကြောင်းမရှိ။ သို့သော် ကျိန်ခံမထိုက်လျှင် ကျိန်စာမသင့်နိုင်။ ဗာလမ်သည် ဣသရေလလူမျိုးကို...

  • သုတ္တံကျမ်း ၂၇

    ၂၇:၁ မနက်ဖြန်သည် မသေချာပါ။ ထို့ကြောင့်မည်သူမဆို  မနက်ဖြန်အရေးကို တွေးမျှော်လျက် မဝါကြွားရ။ လူမိုက်သူဌေးကဲ့သို့မလုပ်ရ (လု ၁၂:၁၆-၂၁)၊ (ယာ ၄:၁၃-၁၅ ကိုလည်းကြည့်ပါ)။ ၂၇:၂ မိမိကိုယ်ကို ပြန်လည်ချီးမွမ်းသူသည် မသူတော်ဖြစ်သည်။ ချီးမွမ်းထိုက်သူဖြစ်လျှင် ပတ်ဝန်းကျင်က ချီးမွမ်းလျှင်လည်း ချော်လဲရောထိုင်မလုပ်ရ။ “မိမိကိုယ်ရေးအတ္ထုပတ္တိပြောဖို့ သတိပြု” (Berkeley)။ မိမိသမီးချောကြောင်းမကြွားနှင့်။ တကယ်ချောလျှင် အရပ်ထဲကချီးမွမ်းလိမ့်မည်။ ၂၇:၃  လူမိုက်အား သွေးထိုးလှုံ့ဆော်ခြင်း၊...

  • သုတ္တံကျမ်း ၂၈

    ၂၈:၁ မိမ်အပြစ်ကို အိုးမလုံအုံပွင့်သူ၊ ကျီးလန့်စားစားသူသည် အသံကြားသည်နှင့် လန့်ဖြန့်ထခုန် ကြသည်။ လိုက်သူမရှိဘဲလျက် ပြေးတတ်ကြသည်။ ထမင်းလုံးတစ္ဆေခြောက်ခံနေရသည်။ မိမိကိုယ်ကို လိပ်ပြာသန့်ရှင်းသူများကား တည်ကြည်သည်။ ဣန္ဒြေရသည်။ ရိုးဖြောင့်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်သည်။ ၂၈:၂  တိုင်းနိုင်ငံသည် စားဝတ်နေရေးမပြေလည်၍သော်၎င်း၊ အာဃာတအမုန်းတရားများ ပွားများလျှင်၎င်း အစိုးရမကြာခဏ အပြောင်းအလဲရှိမည်။ စားဝတ်နေရေး၊ စီးပွားရေးပြေလည်လျှင် အော်သံဟစ်သံသက်သာမည်။ အုပ်စိုးသူအစိုးရမင်းသည် ဉာဏ်ပညာပြည့်ဝ၍၊ မင်းကျင့်တရားနှင့်အညီ...