Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ဟေရှာယအနာဂတ္တိကျမ်း ၄၄

    ၄၄:၁-၅ ဤကျမ်းပိုဒ်များတွင်သူ့လူများအတွက်ထားရှိသောဘုရားသခင် ၏စိတ်သဘောထားနူးညံ့သိမ်မွေ့ပုံတွေ့ရသည်။ ကိုယ်တော်ဘုရား၏ချစ်ခြင်း မေတ္တာသည်သူတို့၏အပြစ်ကိုမမြင်ရက်။ ထို့ကြောင့်ယာကုပ်(ဝင်ကစွက်ကောင်) ဣသရေလ(ဘုရားသခင်၏သားတော်)ယေရှဲရုန(ချီမခြင်း)ဟုခေါ်သည်။  ဘုရားသခင်ကပုံစံသတ်မှတ်ခဲ့ပြီဖြစ်သည့်အတိုင်းကွယ်ကာစောင့်ရှောက်သည်။ ဝိညာဉ်တော်နှင့်ပတ်သက်သောကတိတော်သည်ပင်တေကုတ္တေနေ့တွင်အချို့ တစ်ဝက်ပြည့်စုံခဲ့ပြီဖြစ်သည်။ သို့သော်ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွရောက် လာသောအခါမပြည့်စုံသေးသောကတိတော်များအားလုံးပြည့်စုံမည်။ ရေငတ် ပတ်ကြားဘက်လယ်မြေများရေလွှမ်းမိုးမည်။ ဣသရေလစမ်းချောင်းသည် လည်းမြေဆီလွှာရေအဖြစ်စီးဆင်းမည်။ ဣသရေလယာကုပ်၊ဘုရားသခင်တို့၏ အမည်နာမများကိုဂုဏ်ယူဝင့်ကြွားသွာခံယူကြွေးကြော်ကြမည်။ (အပိုဒ်ငယ်၅ သည်တပါးအမျိုးသားများလည်းယေဟောဝါဘုရားနှင့်ဆက်စပ်နှီးနွယ်ကြ မည့်အကြောင်းဘုရားသခင်၏လူများနှင့်ဖက်လှဲတကင်းရှိကြမည့်အကြောင်း ဖြစ်နိုင်သည်။ ဆာ ၈၇:၄-၅နှင့်ယှဉ်ဖတ်ပါ)။ ၄၄:၆-၈ ဣသရေလတို့၏ဘုရားယေဟောဝါဘုရားသခင်သည်တဆူ တည်းသောဘုရားသခင်ဖြစ်သည်။ တုနှိုင်းပုံပြုစရာမရှိ။ အတိတ်ကာလတွင် ဣသရေလလူမျိုးပြုခဲ့သောအရာကိုကြည့်ရှု၍၎င်း၊အနာဂတ်တွင်ဖြည့်ဆည်း...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၅

    ၆။ ဘုရားသခင်ဘိသိက်ပေးထားသောကုရုမင်း(အခန်း၄၅) ၄၅:၁-၆ ဘုရားသခင်ကကုရုမင်းကိုဘိသိက်ပေးထားသည်။ (ဟေဗြဲကျမ်း တွင်မေရှိယအရအတူတူဖြစ်သည်။ )အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကသူ့လူများအားသူတပါးဖမ်းဆီးခြင်းလက်အောက်မှကယ်ထုတ်ရန်ပါရှန်းဧကရာဇ် ကိုအသုံးပြုသည်။ ဘုရားသခင်ကပါရှန်းမင်းအားဗာဗုလုန်အပါအဝင်တိုင်းနိုင်ငံများအားအောင်မြင်သိမ်းပိုက်ခွင့်တန်ခိုးအစွမ်းပေးထားသည်။ ဝှက်ထားသော တန်ခိုးနှင့်ကြွယ်ဝခြင်းများကိုအပ်နှံသည်။ ဘုရားသခင်ကကုရုမင်းသားဆင့် ခေါ်ရာတွင်သူ့ကိုယ်သူတစ်ပါးတည်းသာဘုရားသခင်အဖြစ်မိတ်ဆက်၍ကုရု မင်းကိုလည်းဘိသိက်ပေးထားသောသိုးထိန်းဟုခေါ်ဝေါ်သည်(၄၄:၂၈)။ အမှု တော်အတွက်အသုံးပြုဖို့ဆင့်ခေါ်သည်။ ကုရုမင်းကိုအသုံးပြု၍ဘုရားရှင်၏လူများအပေါ်တွင်ဘုရားသခင်၏ဘုန်းတန်ခိုးထင်ရှားစေမည်။ လူအပေါင်းက လည်းယေဟောဝါဘုရားသခင်၏နာမတော်ကိုချီးမွမ်းကြမည်။ ၄၅:၇ အပိုဒ်ငယ်(၇)၏ဆိုလိုချက်သည်ဘုရားသခင်ကမကောင်းမှုဒုစ ရိုက်ဖန်ဆင်းကြောင်းဆိုလိုခြင်းမဟုတ်။၅၄ Delitzch က“ကနဦးခရစ်ယာန် heretic Marcion, Valetiniaus, Gnostic ဂိုဏ်းဂနများကဓမ္မဟောင်းခေတ်ဘုရားသခင်သည်ဓမ္မသစ်ခေတ် ဘုရားသခင်နှင့်မတူဟု...

  • ဟေရှာယအနာဂတ္တိကျမ်း ၄၆

    ၇။ ဗာဗုလုန်ရုပ်တုများပြိုလဲပျက်စီးခြင်း(အခန်း၄၆) ၄၆:၁-၂ ဗာဗုလုန်တို့ ရုပ်တုသခင်ဗေလနှင့်နေဗောအရုပ်ဘုရားများကို ပါရှန်းတို့ကလွှင့်ပစ်လိုက်ကြပြီးတိရစ္တာန်အသိဉာဏ်မျှသာ ရှိသောကြောင့်အရုပ်ဘု ရားများကိုးကွယ်ခြင်းဖြစ်သည်။ အရုပ်ဘုရားများဖြစ်သောကြောင့်လည်း ပါရှန်းများကလွှင့်ပစ်ကြစဉ်ဘာမှလက်တုံ့မပြန်နိုင်ကြခြင်းဖြစ်သည်။ ပါရှန်းများ ကလည်းဝန်ထုတ်ဝန်ပိုးအဖြစ်မသယ်ဆောင်လိုသဖြင့်လွှင့်ပစ်ကြသည်။ ၄၆:၃-၄ ဤနေရာတွင်အရုပ်ဘုရားနှင့်ထာဝရဘုရားခြားနားပုံရှင်းပြ သည်။ အရုပ်ဘုရားသည်မည်သည့်တန်ခိုးအစွမ်းမှမရှိ။ ထာဝရဘုရားသည်အ နာဂတ်နေ့ရက် အိုမင်းရွယ်လွန်နှင့်သားစဉ်မြေးဆက်များတိုင်အောင်ကောင်း ကြီးပေးသည်။ ထိုအကြောင်းကို James Sterartကဤသို့ရှင်းပြသည်။ ပရောဖက်ဟေရှာယကစစ်မှန်သောဘုရားနှင့်ဘာသာရေးအတုအယောင် ခြားနားပုံကိုရှင်းပြထားသည်။ သေခြင်း၏အခြားဘဝ၌ဝိညာဉ့်ဘဝရှိသည်။  မျက်မှောက်ကာလလူ့ဘဝသည်ဝိညာဉ်အသက်ရှင်ရေးအခြေခံအကြောင်းတ ရားဖြစ်သည်။၅၇ ၄၆:၅-၇ ဘုရားသခင်၏ဇာတိတော်ကိုမည်ကဲ့သို့နားလည်သိရှိနိုင်မည်...