Author: ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၇

    ၃။ အသင်းတော်မေးခွန်းများဖြေကြားချက် (အခန်း ၇–၁၄) (က) အိမ်ထောင်ပြုခြင်းနှင့်တကိုယ်ရေတကာယနေခြင်း (အခန်း ၇) ၇:၁ ဤအခန်းမှစ၍ ကောရိန္သု အသင်းတော်အကြောင်း၊ တိုင်ကြားသည့်အကြောင်းအရာ များကို ရှင်းပြပါမည်။ ထိုတိုင်တောချက်မှာ ကောရိန္သုအသင်းတော်မှသန့်ရှင်းသူများ၏ပေးစာ ဖြစ်သည်။ ပထမအချက်မှာ အမှုတော်ဆောင်များ အိမ်ထောင်ပြုသင့်သလား၊ တစ်ကိုယ်ရေတစ်ကာယ နေသင့်သလားဟူသော အငြင်းပွားချက် ဖြစ်သည်။ အမျိုးသားများသည် မ မသန်းလျှင် ပိုကောင်း သည်ဟုဆိုသည်။...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၈

    (ခ) ရုပ်တုဆင်တုပူဇော်သက္ကာစာများကို စားသုံးခြင်း (၈:၁–၁၁:၁) ရုပ်တုဆင်းတု ပူဇော်ခံစားပွဲတော်ကျများ၊ ခေါစာ၊ နတ်စာ၊ ဆွမ်းတော်ကျများ စားသုံးခြင်းသည် အသက်တာ ပြောင်းလဲသော ခရစ်ယာန်များအတွက် ကြီးမားသောအခက်အခဲပြဿနာ ဖြစ်သည်။ တစ်ခါတရံ လူမှုရေးအရ ထိုစားသောက်ဖွယ်ရာများ မှီဝဲစားသုံးရန် ပေးကမ်းခြင်း၊ ဖိတ်ခေါ် ခြင်းများရှိသည်။ စျေးဝယ်ရာတွင်လည်း ယစ်ပူဇော်ထားသော ယဇ်ကောင်အသားများရှိနိုင်သည်။ ထိုယဇ်ကောင်သားများကို ခရစ်ယာန်အနေဖြင့် ဝယ်ယူစားသုံးသင့်ပါသလား။ ယဇ်ပူဇော်ထားသော ခဲဘွယ်ဘောဇဉ်များ...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၉

    ၉:၁ ကောရိန္သုသားများက ပေါလုသည် တပည့်တော်(၁၂)ယောက်တွင် ပါဝင်သူ မဟုတ် သဖြင့် တပည့်တော်စစ်စစ်မဟုတ်ဘူးဟု ဆိုကြသည်။ ထိုစကားနှင့်ပတ်သက်၍ပေါလုက သူသည် လူလွတ်ဖြစ်သည်။ သခင်ယေရှုခေါ်ထားသော တမန်တော်ဖြစ်သည်ဟု ပြန်လည်ချေပသည်။ ပေါလု၏ စကားတွင် အကြောင်း(၂)ချက်ရှိသည်။ ပထမအချက်မှာ သခင်ယေရှုခရစ်တော် ရှင်ပြန်ထ မြောက်ခြင်းကို တွေ့မြင်သူဖြစ်သည်ဟုဆိုရာ ထိုစကားသည် ဒမာသက်လမ်းမ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကိုဆိုလိုသည်။ ထို့နောက်သူ၏လုပ်ဆောင်သောအလုပ်ကို ထောက်ပြလျက် ငါသည်...