Category: ဧဖက်သြဝါဒစာ

  • ဧဖက်သြဝါဒစာ ၃

    (စ) လျှို့ဝှက်နက်နဲချက်အတွက် စကားချပ် (၃:၁–၁၃)           ၃:၁ အခန်းငယ်(၁၄)တိုင်အောင် ခရစ်တော်နှင့် အသင်းတော်၏ လျှို့ဝှက်နက်နဲချက်ကို ရှင်းပြထားပါသည်။ မျက်မှောက် အသင်းတော်ကာလသည် ဘုရားသခင်နှင့် နက်နဲစွာဆက်ဆံရသော ကာလဖြစ်သည်။ ထိုအကြောင်းကို အောက်တွင်ဆက်လက်ရှင်းပြထားပါသည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်သည် ယုဒလူမျိုးနှင့်သာ ဆက်ဆံခဲ့သည်။ ကမ္ဘာဦးကျမ်း အခန်း(၄)မှစ၍ မာလခိအနာဂတ္တိကျမ်း အခန်း(၄)တိုင်အောင် အာဗြဟံနှင့် သားစဉ်မြေးဆက်များ သမိုင်းကြောင်းပေါ်တွင် အခြေပြုထားသည်။...

  • ဧဖက်သြဝါဒစာ ၄

    ၂။ ဘုရားသခင်၌ ယုံကြည်သူများ၏ ဘဝအသက်တာ  (အခန်း ၄:၆) (က) ခရစ်ယာန်မိဿဟာယ၌ တလုံးတဝတည်းရှိခြင်း (၄:၁–၆)           ၄:၁ ဘာသာရပ်တစ်ခုသို့ ပြောင်းထားသည်။ ယခင်အပိုင်းသည် ခရစ်ယာန်ဖြစ်လာကြပုံ၊ ခရစ်တော်၏ ခေါ်သံစကား ဖြစ်သည်။ ခေါ်တော်မူခြင်း ကျေးဇူးတော်ခံစားသူများ၏ ကြွယ်ဝသောအသက်တာကို ရှင်းပြခဲ့သည်။ ဤအခန်းမှစ၍ ခရစ်ယာန်တစ်ယောက်အနေဖြင့် လက်တွေ့အသက်တာတွင် ကျင့်ဆောင်ရမည့်အချက်များကို သွန်သင်ထားသည်။ ယုံကြည်သူ များသည်...

  • ဧဖက်သြဝါဒစာ ၅

    ၅:၁ အပြစ်ခွင့်လွှတ်ခြင်းအကြောင်းကို ၄:၃၂ တွင် သွန်သင်ခဲ့သည်။ ထိုကျမ်းချက်နှင့်ဆက်စပ်၍ ဆိုထားသည်မှာ ဘုရားသခင်က ခရစ်တော်အားဖြင့် သင်တို့အပြစ်များကို ခွင့်လွှတ်သကဲ့သို့ အချင်းချင်းအပြစ်များကိုလည်း ခွင့်လွှတ်ကြဖို့ သွန်သင်ပါသည်။ ဘုရားသခင်၏ချစ်သားများ ဖြစ်ကြသည်နှင့်အညီ ဟုကျမ်းစာက အလေးထားဖော်ပြပါသည်။ လူ့သဘောသဘာဝအရ သားသမီးများသည် မိဘများအကျင့်ကို လက်ခံရယူသူများဖြစ်သည်။ ဝိညာဉ်ရေးရာတွင်လည်း ဘုရားသခင်သည် ခမည်းတော်ဘုရားဖြစ်သောကြောင့် ခမည်းတော်ဘုရား၏ချစ်သားများဖြစ်သည်နှင့်အညီ ခမည်းတော်၏ အမူအကျင့်ကို နမူနာယူရသည်။ ၅:၂...