Category: ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်း

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၂

    ၂:၁ တစ်ပါးအမျိုးသားများထဲသို့ ပေါလုရောက်ရှိလာခြင်းသည် လောကဉာဏ်ပညာ အသိပေးဖို့ မဟုတ်။ ဘုရားသခင်၏ ဘုန်းတန်ခိုး ထင်ရှားစေဖို့ ဖြစ်သည်။  ဒဿနိက အသိဉာဏ်အကြောင်း ဟောပြောဖို့မဟုတ်။ ဘုရားသခင်အား သက်သေခံဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် အသိဉာဏ်ပညာများ ဟောပြောဖို့၊ ဆွေးနွေးဖို့ဝါသနာမပါ။ ကိုယ်လုံးပြဟောပြောခြင်း စိတ်မဝင်စား။ ဂုဏ်သတင်း၊ ဉာဏ်ပညာတော်ကြောင်း မဝါကြွားလို။ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းသာ အလိုရှိသည်။ သို့ကြောင့် တေးဂီတ၊ အနုပညာ...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၃

    ၃:၁ ပထမအကြိမ် ကောရိန္သုသို့ ပေါလုရောက်ရှိစဉ် ယုံကြည်သူများကို နို့ရည်အစာသာ တိုက်ကျွေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောရိန္သုယုံကြည်သူများသည် ယုံကြည်ခြင်း၌ နို့စို့ အရွယ်များသာဖြစ်ကြသေးသည်။ သူ့အိုးနှင့်သူ့ဆန်တန်အောင် ချက်ကျွေးသည်။ ဝိညာဉ်ရေးရာ အစာအဖတ်များကို မခံယူနိုင်ကြသေး။ ခရစ်တော်၌ သူငယ်နှပ်စားများဖြစ်နေသည်။ ၃:၂ အာဟာရအဖတ် မစားနိုင်ကြသေးသောကြောင့် ဝိညာဉ်အာဟာရနို့ရည်ကိုသာ တိုက်ကျွေးသည်။ အဖတ်မစားနိုင်သောသူများကို အဖတ်ကျွေးခြင်းသည် အကျိုးမရျိ။ ထိုကဲ့သို့ပင် သခင်ယေရှုကလည်း “သင်တို့သည်...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၄

    ၄:၁ ပေါလုအပါအဝင် အခြားတမန်တော်များကိုလည်း ခရစ်တော်၏အစေခံ၊ ဘုရားသခင် ၏နက်နဲသော အစေခံများအဖြစ် မှတ်ယူစေချင်သည်။ အစေခံ ဆိုသည်မှာတစုံတရာ၏ ဝေယျာဝစ္စဗဟီရ လုပ်ဆောင်သူ ဖြစ်သည်။ ဘုရားသခင်၏နက်နဲသောအမှုတော် ဆိုသည်မှာ  ရှေးယခင်က သိမ်းဝှက်ထားသောအမှုအရာများကို ဓမ္မသစ်ကျမ်းတွင် ထုတ်ဖော်ခြင်းဖြစ်သည်။ ၄:၂ အမှုတော်ထမ်းဆောင်ရန် မရှိမဖြစ် လိုအပ်သောအချက်မှာ သစ္စာစောင့်သိခြင်း ဖြစ်သည်။ လူ့စံချိန်စံညွှန်းသည် လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာထက်မြက်မှု၊ ချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှု...