ကောရိ န္တု သြဝါဒစာပဌမစောင် ၈
(ခ) ရုပ်တုဆင်တုပူဇော်သက္ကာစာများကို စားသုံးခြင်း (၈:၁–၁၁:၁) ရုပ်တုဆင်းတု ပူဇော်ခံစားပွဲတော်ကျများ၊ ခေါစာ၊ နတ်စာ၊ ဆွမ်းတော်ကျများ စားသုံးခြင်းသည် အသက်တာ ပြောင်းလဲသော ခရစ်ယာန်များအတွက် ကြီးမားသောအခက်အခဲပြဿနာ ဖြစ်သည်။ တစ်ခါတရံ လူမှုရေးအရ ထိုစားသောက်ဖွယ်ရာများ မှီဝဲစားသုံးရန် ပေးကမ်းခြင်း၊ ဖိတ်ခေါ် ခြင်းများရှိသည်။ စျေးဝယ်ရာတွင်လည်း ယစ်ပူဇော်ထားသော ယဇ်ကောင်အသားများရှိနိုင်သည်။ ထိုယဇ်ကောင်သားများကို ခရစ်ယာန်အနေဖြင့် ဝယ်ယူစားသုံးသင့်ပါသလား။ ယဇ်ပူဇော်ထားသော ခဲဘွယ်ဘောဇဉ်များ...