ကောရိ န္တု သြဝါဒစာပဌမစောင် ၁၄
၁၄:၁ ခရစ်ယာန်အသက်တာသည် ချစ်ခြင်းမေတ္တာ နောက်သို့ အစဉ်လိုက်ရသည်။ ဆိုလိုသည်မှာ သူတစ်ပါးကောင်းကျိုးကို အစဉ်ရှေးရှုရသည်။ ရရှိထားသောဝိညာဉ်တော်၏ အလိုတော်ရှိသည့်အတိုင်း ပေးသနားသော လက်ဆောင်များဖြစ်သောကြောင့် ဒေသန္တရအသင်း တော်များတွင် အကျိုးရှိစွာ အသုံးပြုနိုင်သည် ။အသင်းတော် အကျိုးဆောင်ရွက်နိုင်ရန် ပရောဖက် ပြုခြင်း ဝိညာဉ်ဆုကျေးဇူးသည် အခြားသောဘာသာစကား ဝိညာဉ်ဆုကျေးဇူး ထက်မြတ်သည်ဟု သွန်သင်ထားပါသည်။ ၁၄:၂ အခြားသောဘာသာစကားဖြင့် ပြောဆိုခြင်းသည် အခြားသူများနှင့်ပြောနေခြင်းမဟုတ် အခြားသူများအတွက်...