ဆာလံကျမ်း ၃၉
ဆာ ၃၉၊ စကားချပ်၊ အတွင်းမီး ၃၉:၁–၃ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သူများနှင့် ဆင်ခြေဆင်လက် ပေးသူများအား ပြန်ပြောလိုက်ချင်စမ်းပါဘိ။ မယုံကြည်သူများ၏ စကားကို နားမခံသာအောင် ကြားရပေမယ့် ပြန်မပြောမိအောင် နှုတ်ပိတ်ထားသည်။ ဘုရားသခင်က အပြစ်ခွင့်လွှတ်လျက် ကျွေးမွေးစောင့်ရှောက်ပါစေဟု မေတ္တာမပို့နိုင်။ စိတ်ဖိစီးလွန်းလို့ ဘာတစ်ခွန်းမှ မပြောချင်အောင် ရေငုံနှုတ်ဆိတ်နေမိသည်။ နားပိတ်သဖွယ် မကြားချင်ယောင်ဆောင်မိသည်။ သို့သော်လည်း အကျိုးမဖြစ်၊ စိတ်နှလုံးသည်...