ဆာလံကျမ်း ၁၃၅
ဆာ ၁၃၅၊ဘာကြောင့်ချီးမွမ်းရပါ့ ၁၃၅:၁–၂ ပထမအပိုဒ်ငယ်(၂)ခု ပရိတ်သတ်ကြီးအား ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ကြဖို့ လှုံဆော် သည်။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့အသံ ဖြစ်သည်မှန်သော်လည်း အဓိကပရိသတ်မှာ ဣသရေလလူများ နှင့်ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူများသို့ပစ်မှတ်ထားသည်။ ၁၃၅:၃ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကိုးကွယ်ရသည့် အကြောင်းရင်းများ ထုတ်ဖော် ထားသည်။ ကိုယ်တော်သည် ကောင်းမြတ်သည်။ အဘယ်မျှကောင်းမွန်ကြောင်း ထုတ်ဖော်ပြောဆို၍ မကုန်နိုင်။ လက်ရာတော်ဟူသမျှသည် ကောင်းမွန်၍ လေးစားကြည်ညိုထိုက်သည်။...