Category: ယေဇကျေလအနာဂတ္တိကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၁

    (၉) သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာန (၄၁:၁−၄) သန့်ရှင်းရာဌာနတော်၏ အကျယ်အဝန်းအတိုင်းအတာမှာ ရှောလမုန်ဗိမာန်တော်၏ သန့်ရှင်းရာဌာနတော်နှင့် အရွယ်ပမာဏတူ၍၊ ကန္တာတောခရီးကြမ်းမှ တဲတော်၏ နှစ်ပြန်ကျယ်ဝန်းသည်။ မျဉ်းတံကိုင်ဆောင်သောသူက ယေဇကျေလအား သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်သွားသည်။ အသန့်ရှင်းဆုံးဌာနတော်ထဲသို့မူ ထိုသူတစ်ဦးထဲ ဆက်ဝင်သွားသည်။ ရှေးက ဗိမာန်တော်ထဲသို့ ဝင်ရောက်ခြင်းကို ကန့်သတ်ချက်ရှိသည်(ဟေဗြဲ ၉:၈−၁၂၊၁၀:၁၉ တို့ကိုကြည့်ပါ)။ ထိုခေတ်ကာလ ဗိမာန်တော်အား နှစ်ပိုင်းကန့်ထားသကဲ့သို့ မိလေနိ(နှစ်တထောင်)ဗိမာန်တော်တွင်လည်း ဆက်လက် ကန့်သတ်ဦးမည်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၂

    (၁၄) ယဇ်ပုရောဟိတ်များ၏နေရာတိုင်ခင်း(၄၂:၁−၁၄) ဗိမာန်တော်၏ မြောက်ဘက်နှင့် တောင်ဘက်နှစ်ခုစလုံးတွင် ယဇ်ပုရောဟိတ်များအတွက် နေရာထိုင်ခင်းပြင်ဆင်ထားသည်။ ထိုနေရာများသည် ယဇ်ပုရောဟိတ်တို့ သန့်ရှင်းသောယဇ်ပူဇော်သက္ကာကို စားသုံးရာနှင့် ယဇ်ပူဇော်ရာ၌ ဆင်မြန်းရသောဝတ်ရုံများ သိမ်းဆည်းရာ နေရာဖြစ်သည်။ (၁၅) အပြင်ခန်း၏အတိုင်းအတာပမာဏ (၄၂:၁၅−၂၀) အတွင်းပိုင်းတိုင်းတာရာ ကျူလုံးအပြန်ငါးရာစီ ရှိ၍ စတုရန်းပုံဖြစ်သည်။ အပိုဒ်ငယ်(၂၀)၌ ပါရှိသည့် သန့်ရှင်းသော အရပ်၊ မသန့်ရှင်းသောအရပ်ဟူသော စကားသည်နားလည်ရခက်သည်။ ဘုရားတရားနှင့်ဆိုင်သော အခန်းနှင့်လူဝတ်ကြောင်နှင့်...

  • ယေဇကျေလအနာဂတ္တိကျမ်း ၄၃

    (ခ) အနှစ်တထောင်ဝတ်ပြုကိုးကွယ်ခြင်း( အခန်း၄၃၊၄၄) ၄၃:၁−၅ ယေဇကျေလကျမ်းအစောပိုင်း ၁၁:၂၃ ၌ ဘုန်းတော်တိမ်တိုင်သည် ယေရုရှလင်ဗိမာန်တော်မှ ရွေ့လျားသွားသည်ဟုဆိုခဲ့သည်။ သို့သော်လည်း သခင်ခရစ်တော်နိုင်ငံတော် တည်ထောင်အုပ်စိုးဖို့ ပြန်ကြွလာသည့်အခါ ဣသရေလဘုရားသခင်၏ ဘုန်းတော်သည် ခရစ်တော်နှင့် အတူပြန်လည်ပါလာမည်။ ၄၃:၆−၉ ကိုယ်တော်ဘုရား၏ လူများအလယ်တွင် ဘုရားသခင်ကိုယ်တိုင်စိုးစံမည်။ အဘယ်သူကမှ ဝိညာဉ်ရေးရာတွင် နိုင်ထက်ကလူပြုနိုင်တော့ မည်မဟုတ်။ ဘုရားသခင်၏ ဗိမာန်တော်အရိပ်အဝန်းအောက်၌ ညစ်ညမ်းသောအမှုတို့ကို ပြုကြတော့မည်မဟုတ်။...