ဝတ်ပြုရာကျမ်း ၁၂
(ခ) သားဖွားပြီးနောက်သန့်ရှင်းခြင်း (အခန်း ၁၂) ၁၂:၁–၄ ဤအခန်းတွင် သားဖွား၊ မီးနေသောအမျိုးသမီးသည် မစင်ကြယ်ဟု ဆိုသည်။ သားယောက်ျားမွေးဖွားသောမိခင်သည်(၇)ရက် ကာလတွင် မစင်ကြယ်။ ဓမ္မတာလာသည့်ကာလကဲ့သို့ မစင်ကြယ်။ သားယောက်ျားသည် (၈)ရက်မြောက်နေ့တွင် အရေဖျားလှီးရသည်။ (ငယ်၃)။ ၅ရက်မြောက်နေ့သည် သွေးထွက်သံယိုခြင်းကိစ္စတွင် စိတ်ချရဆုံး၊ သေချာဆုံးနေ့ရက် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် သွေးတိတ်ဆေးအဖြစ် ဗီတာမင် အေ သုံးကြသည်။...