ဓမ္မရာဇဝင်စတုတ္ထစောင် ၃
(ဃ) ဣသရေလဘုရင် ယောရံ (Jehoram, Joram) (အခန်း ၃) အာဟပ်မင်း၏သား ယောရံသည် ဘီစီ ၈၅၂-၈၄၁ ထိ ဣသရေလဘုရင်အဖြစ် နှစ်ပေါင်း (၁၂)နှစ် နန်းစံသည် (၄ရာ ၃:၁-၉:၂၉)။ ၃:၁–၃ အာဟပ်မင်း၏သား ယောရံ ဣသရေလဘုရင်အဖြစ် နန်းတက်ချိန်တွင် ယုဒပြည်တွင်လည်း ယောရှဖတ်မင်း၏သားတော် ယောရံ နန်းစံနေသည်။ ဣသရေလဘုရင်အဖြစ် ယောရံနန်းတက်ချိန်သည် ယောရှဖတ်၏သား...