ဓမ္မရာဇဝင်စတုတ္ထစောင် ၆
၈။ အံ့ဖွယ်ပုဆိန်သွား (၆:၁–၇) ၆:၁–၇ ပရောဖက်၏သားများဆိုသည်မှာ ဧလိရှဲနှင့်နေဖို့ အိမ်ဆောက်လုပ်ကြသော ယေရိခေါ သို့မဟုတ် ဂိလဂါလမှ လူများဖြစ်သည်။ ထို့ကြောင့် ပရောဖက် ဧလိရှဲ၏ ခွင့်ပြုချက်ဖြင့် ယော်ဒန်မြစ်ဘေးတွင် သစ်ဝါးသွားခုတ်ကြသည်။ ထိုသို့ သစ်ခုတ်လှဲနေကြစဉ် တဦးသည် ပုဆိန်ရိုးကျွတ်သွား၍ ယော်ဒန်မြစ်ထဲသို့ ပုဆိန်သွား ကျသွားသည်။ စိုးရိမ်အားငယ် နေသောသူအား ဧလိရှဲက နှစ်သိမ့်လိုက်သည်။ ပုဆိန်သွားကျသွား သည့်...