ဆာလံကျမ်း ၂၃
ဆာ ၂၃၊ သိုးထိန်းကြီး ဆာလံ၂၃သည် ဆာလံကများအနက် နှစ်လိုဘွယ်ရာ အကောင်းဆုံးဖြစ်သည်။ ဥပုသ်စာဖြေသင်တန်းနှင့် ခွန်အားပေးသင်တန်းများတွင် နှုတ်တိုက်အလွတ်သီဆိုလံရှိကြသည်။ ဘယ်သောအခါမှ မရိုးမအီမတိမ်ကောနိုင်သော ကျမ်းစကားဖြစ်သည်။ ရှေးဓမ္မစာဆိုကြီးတပါးက “ဆာလံ၂၃ပေါ်လာရာနေ့ရက်သည်နေ့ထူးရက်မြတ်ပေတည်း”ဟု ဆိုထားသည်။ဆရာကြီး J. A. Little Proud m ဤသို့ထောက်ခံ ထားသည်။အောင်မြင်သောဘဝခရီး၏ လျှို့ဝှက်ချက် -နေ့စဉ်လိုအပ်ချက်ဖြည့်ဆည်းပေးသည်။ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။ကျေနပ်စွာသေဆုံးရခြင်း၏ လျှို့ဝှက်ချက်- စိုးရိမ်သောကဟူသမျှကင်းစင်သည်။သေမင်း၏ အရိပ်အောက်၌...