Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဆာလံကျမ်း ၃၈

    ဆာ ၃၈ အပြစ်အတွက် ဝမ်းနည်းကြေကွဲခြင်း အပိုဒ်ငယ် ၃ပါ “ထိုအပြစ်ဒုစရိုက်”၊ အပိုဒ်ငယ် ၄ပါ”အကျွန်ုပ်ပြုမိသော ဒုစရိုက်”၊ အပိုဒ်ငယ်၅ပါ “အကျွန်ုပ်မိုက်မဲမှု”၊ အပိုဒ်ငယ် ၈ပါ”အကျွန်ုပ်ရောဂါဆိုး” များ မပါရှိလျှင် ဤဆာလံကျမ်းကို မေရှိယသခင်၏ ဆင်းရဲဒုက္ခကို ဖော်ကျူးသည်ဟု ယူဆနိုင်သည် လူတို့၏ လက်ထဲတွင် ယေရှုသခင် ဘေးဒုက္ခရောက်ရှိပုံဟု ထင်မြင်နိုင်သည်။ ဖြစ်ရပ်မှန်မှာ ဒါဝိဒ်သည် အပြစ်ဒုစရိုက်ပေါင်းစုံ ကျူးလွန်မိသောကြောင့်...

  • ဆာလံကျမ်း ၃၉

    ဆာ ၃၉၊ စကားချပ်၊ အတွင်းမီး           ၃၉:၁–၃ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သူများနှင့် ဆင်ခြေဆင်လက် ပေးသူများအား ပြန်ပြောလိုက်ချင်စမ်းပါဘိ။ မယုံကြည်သူများ၏ စကားကို နားမခံသာအောင် ကြားရပေမယ့် ပြန်မပြောမိအောင် နှုတ်ပိတ်ထားသည်။ ဘုရားသခင်က အပြစ်ခွင့်လွှတ်လျက် ကျွေးမွေးစောင့်ရှောက်ပါစေဟု မေတ္တာမပို့နိုင်။ စိတ်ဖိစီးလွန်းလို့ ဘာတစ်ခွန်းမှ မပြောချင်အောင် ရေငုံနှုတ်ဆိတ်နေမိသည်။ နားပိတ်သဖွယ် မကြားချင်ယောင်ဆောင်မိသည်။ သို့သော်လည်း အကျိုးမဖြစ်၊ စိတ်နှလုံးသည်...

  • ဆာလံကျမ်း ၄၀

    ဆာ ၄၀ ကယ်တင်တော်မူပြီ အပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်ကို တောင်းတော်မမူ(ငယ်၆:၈) ဟူသော ကျမ်းစကားကို လူသိများကြသည်။ မေရှိယနှင့် ပတ်သက်သော ဆာလံကျမ်းပီသပါသည်။ ထိုအကြောင်းကို သခင်ယေရှုနှင့် ပတ်သက်၍ ဟေဗြဲ ၁၀:၅ တွင် သုံးထားပါသည်။ ပထမပိုင်းကို ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း နောက်ပိုင်းကိုမူ ကားတိုင်ပေါ်မှ ဝေဒနာအကြောင်းရေးထားသည်။ ထိုသို့ရှေ့နောက် ပြောင်းပြန်ရေးခြင်းကို နားလည်ရခက်သည်။ သို့သော်...