ဆာလံကျမ်း ၁၁၀
ဒါဝိဒ်၏သားတော် ဒါဝိဒ်၏သခင် အခြားဓမ္မဟောင်းကျမ်းများထက် ဓမ္မသစ်ကျမ်းက မကြာခဏကိုးကားသော ဆာလံကျမ်း ဖြစ်ပါသည်။ မေရှိယသခင်ရည်ညွှန်းသော ဆာလံကျမ်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ပထမတွင် ဘုရားသခင်၏လက်ယာတော်တွင် စိုးစံသည့်အကြောင်းထုတ်ဖော်၍ ရာဇလှံတော်စွဲကိုင်လျက် ဘုန်းတန်းခိုး အပြည့်အဝ ဖြင့် စကြဝဋ္ဌာအုပ်စိုးဖို့အကြောင်းလည်းပါသည်။ မေလခိဇေဒက်မင်းကဲ့သို့ပင် ထာ၀ရယဇ်ပုရော ဟိတ်နှင့်ရှင်ဘုရင်အဖြစ်စံမြန်းမည်။ ၁၁၀:၁ ပထမကျမ်းပိုဒ်တွင် ဘုရားရှင်က သခင်ဘုရားထံသို့ ဤသို့ဆိုသည်- သင်တို့ရန်သူတို့ကို သင်၏ခြေတင်ရာငါမချထားမီတိုင်အောင်ငါလက်ယာဘက်၌ ထိုင်နေလော့။ ဤကျမ်းပိုဒ်ကို...