Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ရှောလမုန်သီချင်း ၁

    ၁။           ခေါင်းစဉ် ဤသီချင်းကို “သီချင်းတကာ့သီချင်း”ဟုအမည်ပေးထားသည်။ ရှောလမုန်၏ အချစ်အတ္ထုပ္ပတ္တိ တပုဒ်ဖြစ်သည်။ ၂။            ချစ်သူသိုးထိန်းနှင့်ကင်းေ၀းသော ရှောလမုန်ထံရောက် ရှုလမိတ်အားနန်းတွင်းသူများက ဖျောင်းဖျပုံ (၁း၂-၈) ၁း၂-၄ ရှုလမိတ်မိန်းမလှသည် သူ့ချစ်သူသိုးကျောင်းသား၏  အနမ်းအပွေ့များကို သတိရလွမ်းဆွတ် နေသည်။ သူ့အချစ်သည် ၀ိုင်ထက်ချိုမြကြောင်းပတ်ချွဲပုံများကို ကြားယောင်သည်။ သူ၏တန်ဖိုးသည် ဘိသိက်ပေးရာနံ့သာဆီမွှေးနှင့်ညီသည်။ ထို့ကြောင့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်သည်။ သို့သော်လည်း အခြားသူများကို မချစ်စေချင်။...

  • ရှောလမုန်သီချင်း ၂

    ၂း၁         သူမ၏ပွင့်လင်းပုံနှင့် လောဘရမ္မက်မကြီးတက်ပုံကို ဆက်ရှင်းပြသည်။ သူမသည် ရှာရုန်အရပ်မှ အရိုင်းစပယ်၊ တောနှင်းပန်းမျှသာဖြစ်သည်။ မှန်တင်ခုံပေါ်က ရွှေနှင်းဆီလှလှကို မရည်ရွယ်၊ တော်၀င်ပန်းဖြစ်ဖို့လည်း စိတ်မကူး။ “တောအလှတောသဘာ၀၊ သဘာ၀အလှကိုသာ တန်ဖိုးထားသည်။” ၂း၂          ရှေလမုန်သည် သူမ၏ခွန်းတုန့်ပြန်စကားကြားသောအခါ ထိုသို့မိမိကိုယ်ကို အားငယ်ခြင်းဖြင့် စကားလွှဲဖို့မကြိုးစားရန် ဖျောင်းဖျသည်။ မည်သို့အခြေအနေရှိပါစေ၊ သူ့မျက်ဆံဖြစ်သည်။ ဆူးတောထဲမှ နှင်းပန်းတပွင့်ပါဘဲ။ ၂း၃         ရှုလမိတ်ကလည်း ခွန်းတုန့်မလျှော့။...

  • ရှောလမုန်သီချင်း ၃

    ၆။           အပျိုမ၏ မိုးကောင်းကင်ချစ်အိပ်မက် (၃း၁-၄) သူငယ်မသည် သူ့ချစ်သူရီးစားသဲဦးဖျားအား အိမ်မက်ထဲမှပင် လိုက်ရှာနေရှာသည်။ တညတသော အခါမိုးအောက်မြေပြင်လိုက်ကြည့်ပါလည်း အရိပ်အယောင်ရှာမတွေ့။ မြို့ပြပန်းခြံ၊ လမ်းခွဆုံနှင့် လမ်းစောင့်ရဲတွေမေးကြည့်ပါသည်။ ထိုစဉ်အခိုက် အနောက်မှ သိုင်းဖက်ပွေ့ချီမလျက် တဲကုပ်ဟော်နန်းသို့ခေါင်ဆောင်သွားပေသည်။ ရွှေရင်ဖိုထဲငြိမ့်ကနဲ။ ၇။           ယေရုရှလင်းသမီးပျိုများအား ထပ်မံသတိပေးခြင်း (၂း၅) သူမ၏ အချစ်ကို အတင်းအဓမ္မနှိုးဆွဖို့၊ ငယ်ချစ်ဦးထံသမင်ဒရယ်များအလျင်ပြေးသို့နှယ် ရောက်ရှိစေဖို့သတိစကားမှာကြားသည်။ ၈။           ယေရုရှလင်တွင်...