Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၁၉

    ၇။ အဲဂုတ္တုအမျိုး(အခန်း၁၉-၂၀) ၁၉:၁-၃ ဘုရားသခင်ကအဲဂုတ္တုပြည်အားတရားစီရင်သောအခါရုပ်တုဆင်းတုများတုန်လှုပ်မည်။ အဲဂုတ္တုပြည်သူပြည်သားများ၏စိတ်နှလုံးသည် ထိုရုပ်တုများထဲတွင်အရည်ပျော်ဝင်သွားကြမည်။ စစ်မီးငြိမ်းသွားသောအခါ လူတို့၏အသိဉာဏ်ဦးနှောက်ထက်မြက်ခဲ့သမျှသည်အချည်းနှီးဖြစ်ကြောင်း အသိတရားရရှိကြမည်။ ပြုစားခြင်းနှင့်မှော်အတတ်ပညာများသည်လည်းပ ပျောက်ကုန်မည်။ ၁၉:၄-၁၀ ရက်စက်ကြမ်းကြုတ်သောမင်းများကတိုင်းပြည်အုပ်ချုပ် လာကြမည်။ မိုးခေါင်သဖြင့်အစိုဓာတ်ခမ်းခြောက်မည်။ ရေအလုံလောက် မရရှိကြသဖြင့်သီးနှံများပျက်စီးမည်။ ယက္ကန်း သည်နှင့်အထည်အလိပ်စက်ရုံ များအလုပ်လက်မဲ့ဖြစ်ကြမည်။ တံငါသည်များပိုက်ကွန်ချစရာရေရှာတွေ့ မည်မဟုတ်။ ပြည်သူများငတ်မွတ်ဆူပူကြမည်။ အုပ်စိုးသူမင်းကလည်းမ ဖြေရှင်းနိုင်သဖြင့်အကြမ်းနည်းဖြင့်ငေါက်ငမ်းအုပ်ချုပ်မည်။ ၁၉:၁၁-၁၅ ဖာရော့ဘုရင်၏အကောင်းဆုံးအကြံပေးအရာရှိ၊မင်းတိုင်အမတ်များ၊ဇောနမင်းနှင့်နောဖမင်းများကလည်းအကြံဉာဏ်မပေးနိုင်။  ဉာဏ်ပညာမမီကြ။ အကြံဉာဏ်မထွက်။ ထို့ကြောင့်အဲဂုတ္တုပြည်၏အခြေအ...

  • ဟေရှာယအနာဂတ္တိကျမ်း ၂၀

    ၂၀:၁-၆ အာရှုရိဘုရင်သာဂုန်၏စစ်သေနာပတိတာတန်သည်ဘီစီ (၇၁၁)ခုနှစ်တွင်ဖိလိတ္တိမြို့တော်အာနသုပ်မြို့ကိုတိုက်ခိုက်အောင်မြင်သည်။  ထိုအခိုက်တွင်ဘုရားရှင်သည်ဟေရှာယအားအဝတ်အစားမပါဘဲသွားလာ စေသည်။ (အမှန်တကယ်ကိုယ်လုံးတီးနေခြင်းမဟုတ်)။ ဘိနပ်မပါဘဲသွား လာခြင်းမှာအာရှုရိပြည်ကအဲဂုတ္တုနှင့်အဲသယောပိပြည်အားအောင်မြင်၍ အရှက်တကွဲအကျိုးနည်းကြမည့်အကြောင်းအမှတ်သင်္ကေ တဖြစ်သည်။  ထိုအဖြစ်ကိုကြည့်၍ယုဒလူမျိုးသည်အဲဂုတ္တုသားများ၏အာရှုရိရန်ကာ ကွယ်ကြပုံကိုတွေ့မြင်ကြသည်။ (အချို့ကအခန်းငယ်၅-၆သည်ဖိလိတ္တိလား၊ ယုဒလားဟုမသဲမကွဲ၍အငြင်းပွားချင်ကြသည်။ ပါလက်စတိုင်းဒေသတစ်ခု လုံးကိုရည်ညွန်းပါသည်။ )၂၉

  • ဟေရှာယအနာဂတ္တိကျမ်း ၂၁

    ၈။ ဗာဗုလုန်အမျိုး(၂၁:၁-၁၀) ၂၁:၁-၄ အခန်းကြီး(၂၁)တွင်ပါရှိသည့်ဗျာဒိတ်တော်များသည်ဗာဗုလုန်၊ ဧဒုံနှင့်အာရေဗျများအတွက် အမင်္ဂလာသတင်းဖြစ်သည်။ ရေလွှမ်းမိုးသောကန္တရတောဆိုသည်မှာဗာဗုလုန်ပြည်ဖြစ်သည်။ ပါရှန်  ပင်လယ်ကွေ့ဒေသကိုမြင်သာအောင်ညွှန်းဆိုသည်။ ဖျက်ဆီးခြင်းတောင် လေမုန်တိုင်းတိုက်သံသည်ကြောက်မက်ဘွယ်မြည်ဟိန်းသည်။ ပါရှန်း (ဧလံပြည်)နှင့်မေဒိ(မိဒျန်)ပြည်သားများကအနှံ့အပြားဖုံးလွှမ်းလာကြမည်။  ဗာဗုလုန်ပြည်ခံစားရသောပျက်စီးခြင်းမျိုးအခြားသူများကြုံဖူးကြမည်မ ဟုတ်။ မြင်ရသောရူပါရုံသည်ကြောက်လန့်စိုးထိတ်ဖွယ်ရာဖြစ်သောကြောင့် ဟေရှာယသည်အကြီးအကျယ်တုန်လှုပ်ခြောက်ခြားသည်။ ၂၁:၅ အုပ်စိုးသူမင်းများသည်လုံခြုံရေးအစောင့်အကြပ်ချ၍ပွဲတော် တည်နေကြစဉ်“လွှားကိုဆီလောင်းကြ”ဟူသောသတိပေးစကားကြရသည်။  ဤကျမ်းပိုဒ်သည်(ဒံ၅)တွင်ပါရှိသည့်ဗေရှာဇာမင်း၏ပွဲတော်ကိုရည်ညွှန်းကိုး ကားခြင်းဖြစ်မည်။ ၂၁:၆-၁၀ ဘုရားသခင်ကဟေရှာယအားကင်းချထားခိုင်းသည်။ ရန်သူ များသည်မြင်းများရထားများစီး၍အလုံးအရင်းဖြင့်ဝင်ရောက်လာကြမည်။  မြင်းစစ်သည်တော်များသည်နေ့နေ့ညဉ့်ညဉ့်တတွဲစီ၊တတွဲစီဖြင့်အဆက်မ ပြတ်ဝင်ရောက်လာကြမည်။ ထိုစကားသည်မေဒိနှင့်ပါရှန်း(ပေရသိ)များ လက်တွဲဝင်ရောက်လာမည့်အကြောင်းဖြစ်သည်။...