ဟေရှာယအနာဂတ္တိကျမ်း ၃၇
၂။ ဘုရားသခင်က အာရှုရိပြည်ဖျက်ဆီးခြင်း(အခန်း၃၇) ၃၇:၁-၄ ရာဗရှာခ၏စကားကိုကြားသောအခါဟိဇကိမင်းသည်ပူဆွေး ဝမ်းနည်းစွာဖြင့်ဗိမာန်တော်သို့သွားသည်။ ဗိမာန်တော်သို့ရောက်ရှိသောအခါ ပရောဖက်ဟေရှာယသို့“သားဘွားချိန်ရောက်သော်လည်းသားဘွားနိုင်သော ခွန်အားမရှိသည့်ဘဝ”ရောက်နေကြောင်းသတင်းစကားသွားပြောခိုင်းသည်။ ထိုအကြောင်းကိုJ.A.Alexander က“အဆုံးစွန်သောဒေသနာသေရေးရှင် ရေးပြဿနာအရေးပေါ်ဆုံးဖြတ်ရမည့်ကိစ္စ၊အားအင်ပြတ်လပ်၍တစုံတစ်ခုခုမှီ တွယ်ရမည့်အခြေအနေဆိုးဖြစ်သည်”၄၃ဟုဆိုသည်။ ယေဟောဝါဘုရားသခင်က ရာဗရှာခ၏မင်္ဂလာမရှိသောစကားကိုကြားသိ၍သူ့ကိုတဖန်အပြစ်တင်ပါစေ ဟုဟိဇကိမင်းဆိုလိုဟန်ရှိသည်။ ၃၇:၅-၇ ဘုရားသခင်ကပရောဖက်မှတဆင့်အဖြေစကားပြန်ပေးထား သည်။ ဘုရားသခင်ကဝိညာဉ်တော်စေလွှတ်၍ထိုစကားသည်ကောလဟာလ သတင်းအဖြစ်သဘောထားခိုင်းသည်။ ထိုသူများအားမိမိတို့နေရပ်ဌာနေသို့ပြန် သွားခိုင်း၍ဓါးချက်ဖြင့်သေဆုံးခိုင်းသည်။ ၃၇:၈-၁၃ ရာဗရှခသည်ယေရုရှလင်မှထွက်ခွာ၍သနာခရိပ်ထံသို့ပြန် ရောက်သောအခါအနောက်မြောက်အရပ်ဆယ်မိုင်အကွာတွင်လာခိရှနှင့်လိဗန မြို့သားများချဉ်းနင်းဝင်ရောက်လာကြောင်းစစ်သတင်းကြားသိရသည်။ အ ခြားတစ်ဘက်တွင်ယေရုရှလင်ဘေးရန်ကိုစိတ်မအေးနိုင်။ ထိုသို့စိတ်ပူထွေပြား...