Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဒံယေလအနာဂတ္တိကျမ်း ၁၂

    (ခ) ဘေးဒဏ်ကြီး (အခန်း၁၂)           ၁၂:၁–၃ အပိုဒ်ငယ် (၁) သည် ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ ဘေးဒဏ်ကြီးကာလ သုံးနှစ်ခွဲ သက်ရောက်လိမ့်မည်။ သေလွန်သူအချို့သည် ခရစ်နှင့်အတူ အနှစ်တထောင်ကာလ  စိုးစံဖို့ ပြန်လည်ထမြောက်လာကြမည်။ မတရားဆိုးညစ်၍ သေလွန်သူများသည် ဘေးဒဏ်ကြီ:ကာလ ကုန်ဆုံးသည့်အခါ ပြန်လည်ထမြောက်ကြမည် (ငယ်၂၊ဗျာ ၂၀:၅ ကိုလည်းကြည့်ပါ)။ ဘေးဒဏ်ကြီးကာလတွင် ပေါ်ထွန်းသည့် သန့်ရှင်းသူများသည် ဉာဏ်ပညာရှိ၍...

  • ဟောရှေအနာဂတ္တိကျမ်း နိဒါန်း

              “ဤဟောရှေအနာဂတ္တိကျမ်းတွင် အပြစ်ဒုစရိုက်၏သဘော သကန်သရုပ်မှန်နှင့် ဘုရားမေတ္တာတော် တုနှိုင်းမဲ့ပုံကို ကွက်ကွက်ကွင်းကွင်းတင်ပြထားသည်။ ဖတ်ရှုသူတိုင်း စိတ်နှလုံးကြွေပြုန်းမတတ် နာကျင်ခံစားကြရသည်။ အလေးအနက်ဆင်ခြင် ရှုမှတ်သောအခါ အပြစ်ဒုစရိုက်က ဘုရားသခင်စိတ်နှလုံးတော်အား ဒဏ်ရာအနာတရဖြစ်စေကြောင်း နားလည်ရသည်။” G. Campbell Morgan ၁။ စံတော်မီဝိသေသလက္ခဏာ ဤကျမ်းသည် ဝတ္ထုဇာတ်လမ်းမဟုတ်သော်လည်း ဝတ္ထုဆန်ဆန် ဇာတ်လမ်းပြောနည်းကို ကြားညှပ်ရေးသားထားခြင်းမှာ အနှစ်သာရ၌ ထူးခြားလေးနက်သည်။၁ဇာတ်ကြောင်းကို ခပ်တိုတိုပြောရလျှင် ဟောရှေသည်...

  • ဟောရှေအနာဂတ္တိကျမ်း ၁

    ၁။ ဟောရှေ၏သားသမီး သုံးယောက်အမည်များဖြင့် ဣသရေလတို့၏ ငြင်းပယ်မှုကို ပုံဖော်ခြင်း(၁:၁– ၉) ၁:၁-၅ ဘုရားသခင်က ဗေရိ၏သား ဟောရှေအားပြည့်တန်ဆာမိန်းမကို ယူခိုင်းသည်။ (နိဒါန်း ကိုလည်းကြည့်။ ပြည့်တန်ဆာမိန်းမပျက်ကို ယူခိုင်းသည့်အကြောင်း စဉ်းစားစရာများစွာရှိသည်)။ ထိုမိန်းမမှာ ဒိဗလိမ်၏သမီး ဂေါမာ ဖြစ်သည်။ ပထမသားကို ယေဇရေလ (ဘုရားသခင်ကွဲလွင့်စေမည်ဟုအနက်ရသည်)ဟု ကင်ပွန်းတတ်သည်။ ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်ပြုမည့်အမှု လက္ခဏာအရိပ်အယောင်ပေးခြင်းဖြစ်သည်။ အာရှုရိစစ်တပ်သည် ယေဇရေလချိုင့်ဝှမ်းတွင်...