ယောနဝတ္ထု ၄
၄။ ပရောဖက်ကြီ:စိတ်မကျေမချမ်းဖြစ်မှု(အခန်း၄) (က) ယောန၏စိတ်ကောက်ကောက်နှင့် ဆုတောင်းခြင်း (၄:၁–၃) ဣသရေလတို့၏ရန်သူတပါးအမျိုးသားများ အသက်ချမ်းသာရာရရှိသွားသောအခါ ပရောဖက်ယောနစိတ်ဆိုးသည်။ ထိုတပါးအမျိုးသား အာရှုရိတို့က ဣသရေလတို့အား ဖိနှိပ်လာခြင်းထက် သေချင်သည်ဟု ဆုတောင်းသည်။ ဣသရေတို့၏ရန်သူအများစုသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ချစ်ကျွမ်းဝင်ကြသည်။ ဣသရေလတို့သည် ရန်သူများ၏ ကယ်တင်ခြင်းအတွက် ဆုတောင်းခြင်’မပြုကြဘဲ၊ ဘုရားသခင်က ဖျက်ဆီးပစ်ရာသာ ဆုတောင်းကြသည်။ ယောနသည် ဘုရားသခင်အသုံးပြုသောသူဖြစ်သည့် အားလျော်စွာ ဘုရားသခင်၏...