မိက္ခာအနာဂတ္တိကျမ်း ၅
၆။ မေရှိယကြွလာမည့်အကြောင်းကတိတော်(အခန်း၅) ၅:၁ ဤကျမ်းပိုဒ်သည် မိက္ခာအနာဂတ္တိကျမ်းရေးချိန်တွင် တိုင်းသူပြည်သားများ၏ ဘဝမြင်ကွင်းဖြစ်သည်။ ဣသရေလဟူသော ယုဒများ ဗာဗုလုန်စစ်သားများက ဝိုင်းရန်ဖို့ပြင်ဆင်နေပုံ၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမည့်အကြောင်းဖြစ်သည်။ သနာခရိပ်မင်းက ပြက်ရယ်ပြုသော ဟေဇကိမင်း၊ ဟို့မဟုတ် နေဗုခပ်နေဇာမင်း ချိုးနှိမ်သော ဇေဒကိမင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ၅:၂ ဤကျမ်းပိုဒ်သည် ဣရေလတို့၏ အရှင်သခင်၊ ရှေးကပ်ကမ္ဘာမှစ၍ နိစ္စထာဝရပေါ်ထွန်းတော်မူသောသူ ဖွားမြင်တော်မူမည့်အကြောင်း ဗျာဒိတ်တော်ဖြစ်သည်။...