Category: ဟေရှာယအနာဂတ္တိကျမ်း
-
၃။ ရွေးနှုတ်ထားသောဣသရေလများအတွက် တေးသီချင်း(အခန်း၂၇) ၂၇:၁ ရောက်လာမည့်ဘုရားသခင်နေ့ရက်တွင် ပြေးတတ်သောမြွေ လဝိသန်(အာရှုရိ)၊ လိမ်သောမြွေလဝိသန်(ဗာဗုလုန်)၊ ပင်လယ်၌ရှိသောနဂါး(အဲ ဂုတ္တု) တို့ကိုယေဟောဝါဘုရားသုတ်သင်ဖယ်ရှားပေးမည်။ အချို့ကျမ်းစာပညာ ရှင်များကထိုမကောင်းဆိုးဝါးသုံးကောင်စလုံးသည်ဗာဗုလုန်ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ အချို့ကစာတန်မာရ်နတ်ဟုဆိုကြသည်။ လောကတခွင်ကိုမွှေ နှောက်နိုင်စွမ်းရှိသောမြွေဆိုးသို့မဟုတ်နဂါးဖြစ်သည်ဟုဆိုကြသည်။ (က ၃:၁၊ ဗျာ၁၂:၃၊ ၁၃:၂၊ ၁၆:၃)။ ၂၇:၂-၆ ထိုနေ့ရက်ကာလတွင် ဘုရားသခင်ရွေးနှုတ်ထားသောစပျစ်ဥယျဉ် (ဣသရေလ)သည်ဘုရားရှင်အားချီးမွမ်းသီဆိုကြမည်။ ဘုရားသခင်ကစပျစ်ဥ ယျာဉ်အားနေ့ညဉ့်မပြတ်စောင့်ကြပ်မည်။ အမျက်ဒေါသသင့်ခြင်းအလျဉ်းမရှိ စေရ။ အကယ်၍ထိုစပျစ်ဥယျာဉ်အားမျက်စောင်းထိုးရန်ညိုးဖွဲ့သူပေါ်ပေါက်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
(စ)ဣသရေလနှင့်ယေရုရှလင်တို့ကျဆုံးခြင်းနှင့်ပြန်လည်ထမြောက်ကြခြင်း (အခန်း၂၈-၃၅) ၁။ ဧဖရိမ်၊ဣသရေလသို့အမင်္ဂလာ(အခန်း၂၈) ၂၈:၁-၄ ရှမာရိတို့သည် မာနသရဖူ၊ ဣသရေလ(ဧဖရိမ်)အရက်သမားတို့၏ ဘုန်းအသရေပန်းပွင့်သည် ညှိုးနွမ်းတတ်သည်။ တောင်ထိပ်မြို့တော်၏ ဘုန်းအသရေသည်အချိန်မတန်မီပွင့်၍အသီးမကောင်းသောအသီးကဲ့သို့ဖြစ်သွားမည်။ မြို့ကြီးသားများသည်မူးယဇ်သောက်စားလျက်ရုပ်ဝတ္တုပစ္စည်းနောက်သို့၎င်း၊ ကာမတဏှာနောက်၎င်းရမ္မက်ကြီးကြသောကြောင့်ကြွေရက်စောကြမည်။ အ သီးမတန်မီဆွတ်ချခံရသောသင်္ဘောသဖန်းပင်ကဲ့သို့ထို့မြို့တော်ကိုအာရှုရိသား များကတိုက်ခိုက်ဆွတ်ယူဖို့တကဲကဲပြင်ဆင်နေကြသည်။ ၂၈:၅-၆ ထာဝရဘုရားသခင်၏အသရေတင့်တယ်သောဦးရစ်သရဖူသည် ညှိုးနွမ်းခြင်းမရှိသောကြောင့်ခရစ်တော်ဘုရားတဖန်ပြန်လည်ကြွလာ၍နိုင်ငံ တော်တည်ထောင်သောအခါကျန်ကြွင်းသောဣသရေလသားများကကျေနပ်စွာ ဆောင်းကြရမည်။ ဘုရားရှင်ကဧဖရိမ်ခေါင်းဆောင်များကိုစစ်တောင်းလော့၊အ စွမ်းသတ္တိ၊တရားစီရင်သောတန်ခိုးပေးသောကြောင့်ရန်သူများကိုအောင်မြင် ကြမည်။ ရန်သူမြို့တံခါးထိအောင်ပန်းဆင်ကြမည်။ ၂၈:၇-၈ ယုဒလူများဘက်သို့တဖန်မြှားဦးလှည့်သည်။ ယုဒလူများသည် လည်းဣသရေလသားများကဲ့သို့ပင်မူးယဇ်သောက်စားလျက်စားပွဲကိုအန်ဖတ်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း
-
၂။ အရီလ၊ယေရုရှလင်သို့အမင်္ဂလာ(အခန်း၂၉) ၂၉:၁-၄ အရီလ၊ယေရုရှလင်မြို့တော်သည် ဒါဝိဒ်မင်းနန်းစိုက်ရာအခွင့်အ ရေးထူးရသောနေပြည်တော်ဖြစ်သည်။ ထိုမြို့သူမြို့သားများသည်တနှစ်ပြီးတ နှစ်မိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်ကိုကိုးကွယ်ခွင့်ရခဲ့သည်။ သို့သော် လည်းဘုရားရှင်သည်ထိုမြို့တော်သူမြို့တော်သားများအားဘာမှမကျန်အောင် စိတ်ဖိစီးခြင်းမျိုးစုံပေးသည်။ အရီလ(Ariel)ဟူသောစကားတွင်အဓိပ္ပါယ်(၂) မျိုးရှိသည်။ “ဘုရားသခင်၏ခြင်္သေ့”သို့မဟုတ်“ယဇ်ပလ္လင်” (ယေဇ၄၃:၁၅-၁၆ တွင် အရီလကိုယဇ်ပလ္လင်၏ရင်ပြင်ဟုဆိုသည်) ဟုအနက်ရသည်။ တချိန်က “ဘုရားသခင်၏ခြင်္သေ့”ဟုအနက်ရသောမြို့တော်သည်ယခုအခါယဇ်ပလ္လင် များဖြင့်ပြည့်နှက်နေသည်။ ထိုသူများသည်ယဇ်ပူဇော်သူများဖြစ်သည်။ ၂၉:၅-၈ ရန်သူများကယေရုရှလင်မြို့အားတိုက်ခိုက်ချေမှုန်းဖို့ပြုကြစဉ် ဘုရားသခင်သည်ကြားဝင်၍ဖြေရှင်းပေးသည်။ ရန်သူများကိုမြေမှုန့်၊ ဖုံမှုန်ရှင်း လင်းသည့်ပမာသန့်စင်စေသည်။ အိပ်ယာမှလန့်နိုးသည့်အခါပျောက်လွင့်သည့်...
By ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်
Published
ဟေရှာယအနာဂတ္တိကျမ်း