သုတ္တံကျမ်း ၂၅
၅။ ဟေဇကိ၏ လူများစီရင်သော သုတ္တံစကား (၂၅:၁–၂၉:၂၇) ၂၅:၁ ရှောလမုန်စီရင်ရေးသားသော အခန်းကြီး ၂၅-၂၉ ကို နှစ်အတန်ကြာတွင် ယုဒဘုရင်ဟေဇကိမင်းက ကူးယူထားသည်။ အဖိုးတန် သုတ္တံစကားပေါင်း (၁၄၀)ခန့်ရှိ၍ ဟေဗြဲကျမ်းမူတွင် ဟေဇကိမင်း၏ သုတ္တံစကားဟု ရေးထားသည်။ ၂၅:၂ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် နက်နဲသိမ်မွေ့လှပါသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်၊ နှုတ်ကပတ်တော်များနှင့် ကျွေးမွေးစောင့်ရှောက်မှုများကို ဆင်ခြင်လျှင်...