Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ဟေရှာယအနာဂတ္တိကျမ်း ၅၅

    ၆။  ကမ္ဘာဧဝံဂေလိဆရာကြီးမေရှိယ (၅၅:၁-၅၆:၈) ၅၅:၁ ဘုရားသခင်၏ ဝိညာဉ်တော်က ဣသရေလများ နေရင်းဒေသသို့ ပြန်လာဖို့ ဧဝံဂေလိ သတင်းစကားဖြင့် ပြန်လည်ဖိတ်ခေါ်သည်။  တချိန်တည်းတွင် ကမ္ဘာအနှံအပြားရှိ လူတိုင်းသို့လည်း  ဧဝံဂေလိ သတင်းပွဲ တော် တည်ခင်းပေးသည်။  ထိုပွဲတော် သို့လာဖို့ လူတိုင်းသိရှိဖို့လိုသည်။  ရေငတ်သူတိုင်း လာသောက်နိုင်သည်။  သောက်သုံးသူများပေးမည့် ကောင်းကြီးမင်္ဂလာများမှာ ရေတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်၊ စပျစ်ရည်တည်းဟူသော ပျော်ရွှင်ခြင်း၊...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၆

    ၅၆:၁-၈ ဘုရားသခင်က ပြန်လည်ရွေးနှုတ်သောကြောင့် ပြည်တော်ပြန်ဝင်ခွင့်ရသူများသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတွေ့ ရှိကြသဖြင့် ဥပုသ်နေ့ စောင့်ထိန်းကြသည်။  ခရစ်တော်၏ နိုင်ငံတော် အကျိုးကျေးဇူးခံစားဖို့ရန် မည်သည့်နိုင်ငံခြားသားများနှင့် ရှင်ဘုရင်ကမှ မတားဆီးနိုင်။ မလုယူနိုင်ကြ။ ဘုရားသခင်၏စကားနာခံသူများသာလျှင်ခံစား ခွင့်ရှိကြပါသည်။ ဗိမာန်တော်သည်လည်းတိုင်းနိုင်ငံသားများ၏စည်းဝေးဆု တောင်းရာအိမ်တော်ဖြစ်သွားမည်။ ဣသရေလသားများသာမကလူမျိုးတိုင်း ပါဝင်နိုင်သည်။ တပါးအမျိုးသားများကိုလည်းဘုရားသခင်၏အိမ်တော်တွင်း ထဲသို့ဝင်ရောက်ခွင့်ရကြမည်။ ၇။ ဒုစရိုက်သမားများကိုအပြစ်စီရင်မည့်မေရှိယ (၅၆:၉-၅၇:၂၁) ၅၆:၉-၁၂ ဣသရေလတို့ဆိုးသွမ်းခဲ့ပုံကိုပြန်လည်ထုတ်ဖော်သည်။ တိုင်း...

  • ဟေရှာယအနာဂတ္တိကျမ်း ၅၇

    ၅၇:၁-၂ ဤအခန်းငယ်(၂)ခုသည် လာမည့်အခန်းမှအငယ်၉-၁၂နှင့် ဆက်စပ်သည်။ အပြစ်ဒုစရိုက်သားများအကြားတွင်ဖြောင့်မတ်စင်ကြယ်သူများ သည်စုံစမ်းညှင်းပန်းနှိပ်စက်ခံရစမြဲဖြစ်သည်။ လူသားများမှဂရုမစိုက်ကြသော် လည်းဘုရားသခင်ကထိုသူများကိုဂရုစိုက်သည်။ ဘုရားတရားမဲ့ဒုစရိုက်ပေါင်း စုံမှကယ်နှုတ်၍ငြိမ်သက်ခြင်း၊ချမ်းသာခြင်းပေးပါသည်။ ၅၇:၃-၆ သူတပါးလက်အောက်သို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသော် လည်းအချို့ဣသရေလများသည်အမှတ်သညာမရှိ။ ဘုရားတုကိုကိုးကွယ်နေ ကြဆဲ။ ထိုသို့ဖြင့်အုတ်ရောရောကျောက်ရောရောကြီးပြင်းလာလျက်သူတို့မိဘ များ၏မျောက်မသောအကျင့်ဆုတ်၊အကျင့်ယုတ်ခြေရာလိုက်လျောက်ကြသည်။ ဘုရားသခင်ကိုပြက်ယယ်ပြုစော်ကားကြသည်။ ဒုစရိုက်မကောင်းဆိုးဝါး၏ သားသမီးများဖြစ်ကြသည်။ ရုက္ခစိုးနတ်ကိုးကွယ်ကြသည်။ သားသမီးများကို လည်းဗာလဘုရား၊မောလက်ဘုရားထံသို့အပ်နှံခြင်းဖြင့်မြောင်းထဲသို့ပို့ကြ သည်။ ၅၇:၇-၁၀ တောင်ကုန်း၊တောင်ပူစာများပေါ်တွင်ရုပ်တုဘုရားများကတ် သီးကတ်သတ်တည်၍ရှိခိုးကြသည်။ အိမ်တံခါး၊နံရံများတွင်ကျမ်းချက်၊ကျမ်း ပိုဒ်များချိတ်ဆွဲမည့်အစားညစ်ညမ်းသောအပြာပန်းချီကားများချိတ်ဆွဲခြင်း ဖြင့်လူလုပ်ဘုရားကိုးကွယ်ကြသည်။...