Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၁

    ၁။ ယေဇကျေလအား ဘုရားရှင်ကခေါ်ယူခွဲခန့်ခြင်း (၁:၁−၃:၂၁) (က) ယေဇကျေလအခြေအနေ (၁:၁−၃)           ကျမ်းဖွင့်ဖွင့်ချင်းမှာပင် ယေဇကျေလသည် ဖမ်းဆီးခံ သုံ့ပန်းအကျဥ်းသားအဖြစ် တနယ်တကျေး ရောက်ရှိနေရသော်လည်း ဇာတိချက်ကြွေ ယေရုရှလင်မြို့ကြီး ပျက်သုဉ်းမည့်အကြောင်း ၆−နှစ်/၇−နှစ်ခန့် ကြိုတင်ပရောဖက်ပြုနိုင်ခဲ့သည်။ထိုစဉ်က ယေဇကျေလသည် (“သက္ကရာဇ်သုံးဆယ်ပြည့် “ စာသားအရ) အသက် ၃၀−ခန့် ဖြစ်လိမ့်မည်။ ကျမ်းစာစောင်ရှေ့ပိုင်း အခန်း ၂၄ ခုကို...

  • ယေဇကျေလအနာဂတ္တိကျမ်း ၂

    (ဂ) ဣသရေလလူမျိုးသို့ ပရောဖက်ပြုရန် ခန့်အပ်ခြင်း (၁:၂၈−၃:၂၁) (၁) လူများ၏အကျင့်လက္ခဏာ− ပုန်ကန်ခြင်း (၁:၂၈−၂:၇) ယေဇကျေလသည် ပြပ်ဝပ်နေစဉ် ဝိညာဉ်တော်က သူ့ထဲဝင်၍ မတ်တပ်ရပ်စေသည် ထိုနောက် ပုန်ကန်၍ ထောင်လွှားသော ယုဒအမျိုးသို့ ပရောဖက်ပြုရန်စေလွှတ်သည်။ ယေဇကျေလအား ကြောက်ရွံ့စိတ်ကင်း၍ ယုံကြည််စိတ်ချစွာနာခံရန်မှာကြားသည်။ ဘုရားသခင်က ယေဇကျေလကို “အချင်းလူသား”၆ဟုခေါ်သည်။ ဤဝေါဟာရကို ယေဇကျေကျမ်းတွင် ၉၉−ကြိမ်တိတိ သုံးထားသဖြင့် အရေးကြီးသည်။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၃

    ၃:၁−၃ ယေဇကျေလကလည်း အမိန့်အတိုင်း စာလိပ်ကို ဝါးမြိုစားချလိုက် သည်။ ဗျာဒိတ်ကျမ်းစီရင်သူ တမန်တော်ယောဟန်သည်လည်း စာလိပ်ကို စားခဲ့ဖူးသည်(ဗျာ၊ ၁၀:၈−၁၀)။ ပရောဖက်နှင့် သွန်သင်သူတိုင်း နှုတ်ကပတ်တော်ကို မိမိဖြစ်ခြင်းထဲ စိမ့်ဝင်ပျံ့နှံ့အောင် နှလုံးသွင်းခြင်းကိုဆိုလိုသည်(၃:၁၀)။ (၃) လူ့သဘောသဘာဝ− ရိုင်းပျခြင်းနှင့် စိတ်နှလုံးမာကြောခြင်း (၃:၄−၁၁) စိတ်နှလုံးမာကြောခက်ထန်၍ နာခံခြင်းမရှိ၊ မထုံတက်တေးလူမျိုးထံသို့ ယေဇကျေလအား စေလွှတ်မည်ဟု ထပ်မံအတည်ပြုသည်။ (ဤနေရာတွင် ယုဒလူမျိုးကို...