Category: ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း

  • ယေဇကျေလအနာဂတ္တိကျမ်း ၄

    (၂) ယေရုရှလင် မြို့ဝိုင်းရံခံရမည့်ပုံစံကို အုတ်ပြားဖြင့် ပုံစံသရုပ်ဖော်ခြင်း (အခန်း ၄)           ၄:၁−၈ ယေရုရှလင်သည် ခိုင်ခန့်မာကျောသော ကျောက်မြစ်အပေါ် ပန္နက်တင်တည်ဆောက်ခြင်း ဖြစ်သည်။ ရွံ့မြေဖြင့်ဖုတ်၍ ပြုလုပ်ထားသောအုတ်ခဲမှာ ဗာဗုလုန်မြို့ကို ပုံဆောင်သည်(က၊၁၁:၃နှင့် ၉ကိုဖတ်ပါ)။ မျက်မှောက်ကာလ၌ ယေရုရှလင်၏ အကျင့်စရိုက်များနှင့် ရုပ်တုဆင်းတုကိုးကွယ်ခြင်း အပြစ်အမှားများက ဗာဗုလုန်ထက်ဆိုးညစ်နေသည်(၅:၇ကိုကြည့်)။ ထို့ကြောင့် ဘုရားသခင်က ယေဇကျေလအား ရွံ့စေးမြေဖုတ်အုတ်ပြားဖြင့် ယေရုရှလင်မြို့...

  • ယေဇကျေလအနာဂတ္တိကျမ်း ၅

    (၃) လူတို့၏ ကံကြမ္မာအား သင်ဓုန်းဓားနှင့် ဆံပင်မုတ်ဆိတ်တို့ဖြင့်  ပုံရိပ်ဖော်ခြင်း (အခန်း ၅)           ၅:၁−၉ မြို့တော်လူဦးရေ၏ သုံးပုံတစ်ပုံသည် ငတ်မွတ်မှု သို့မဟုတ် မီးဖြင့်၎င်း၊ သုံးပုံတစ်ပုံသည် ဓါးလက်နက်ဖြင့်၎င်း၊ သေဆုံးကြ၍ ကျန်သုံးပုံတစ်ပုံမှာ ဘေးကင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ (ငယ် ၂၊ ၁၂တို့နှင့်ယှဉ်ဖတ်ပါ)။ အနည်းငယ်သာ ကြွင်းကျန်လွတ်မြောက်သည်။ သို့သော် ထိုသူများသည်လည်း မကြာမီကာလတွင် ပျက်စီးကြမည်(ငယ်၃၊၄)။...

  • ယေဇကျေလအနာဂတ္တိကျမ်း ၆

    (ခ) ရုပ်တုဆင်းတုများကို ပယ်ရှင်း၍ ကျန်ကြွင်းသူများရှိစေမည် (အခန်း၆)           ၆:၁−၇ တောင်ကုန်းများပေါ်တွင် ရုပ်တုဆင်းတု တည်ထားသောကြောင့် ဣသရေလတောင်ကုန်းများကို ရုပ်တုဆင်းတု တောင်များဟု ဆိုထားသည်။ ထိုသို့ ရုပ်တုဆင်းတု  တည်ထားရာဖြစ်ကြောင့် တောင်ကုန်းတောင်ပူစာ များကိုလည်း ဘုရားသခင်က စီရင်ပြစ်ဒဏ်ပေးလိမ့်မည်။ ၆:၈−၁၄ ထိုဘေးအန္တရာယ် ရန်စွယ်များကြားမှ လွတ်မြောက်သော သူအချို့ကို ကြွင်းကျန်အောင် စီရင်ထားသည်။ ထိုသို့ခြွင်းချန်ရခြင်းမှာ အတိတ်က...