ကမ္ဘာဦးကျမ်း ၉
၈။ ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီးနောက်ပိုင်း နောဧ (အခန်း ၉) ၉:၁–၇ ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီးကာနောက်ပိုင်းတွင် လူသားများသည် ပထမဦးဆုံးအကြိမ် အသားစားခွင့်ရကြောင်း အပိုဒ်ငယ်(၃)တွင် တွေ့ရသည်။ သို့သော် အသွေးမစားရ။ အဘယ်ကြောင့်ဆိုသော် အသွေးသည် ခန္ဓာကိုယ်၏အသက်ဖြစ်သောကြောင့် ဘုရားသခင်က ပိုင်ဆိုင်သည်။ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ လူ့လောက အဖွဲ့အစည်းတွင် ကြီးလေးသော အပြစ်ဒဏ်များ တရားစီရင်ဖို့ အုပ်စိုးသူ အစိုးရအား လုပ်ပိုင်ခွင့်...