ရှင်ယောဟန်ခရစ်ဝင် ၁၀
(ဋ) သိုးများ၏ တံခါးယေရှု (၁၀:၁-၁၀) ၁၀:၁ ဤအခန်းသည် အခန်းကြီး ၉နှင့် ဆက်စပ်နေသည်။ ဖာရိရှဲများထိုသို့ပြောပြီးနောက် ဣသရေလများ၏ သိုးထိ်န်းများအားရှင်းပြသည်။ သိုးထိန်းကို ဥပမာပေး၍ “သင်တို့ကိ်ု ငါအမှန်ဆိုသည် ကား”ဟုဆိုသည်။ ညအချိန်တွင် ခြံစည်းရိုးခြံရံထားသော သိုးခြံထဲသို့ သိုးအုပ်ကို သွင်းထားသည်။ တံခါးပေါက် တခုသာရှိသည်။ ဤနေရာတွင် သိုးဆိုသည်မှာ ယုဒလူမျိုးကို တင်စားသည်။ ယုဒလူမျိုးများ ထံ...