ကောရိ န္တု သြဝါဒစာပဌမစောင် ၂
၂:၁ တစ်ပါးအမျိုးသားများထဲသို့ ပေါလုရောက်ရှိလာခြင်းသည် လောကဉာဏ်ပညာ အသိပေးဖို့ မဟုတ်။ ဘုရားသခင်၏ ဘုန်းတန်ခိုး ထင်ရှားစေဖို့ ဖြစ်သည်။ ဒဿနိက အသိဉာဏ်အကြောင်း ဟောပြောဖို့မဟုတ်။ ဘုရားသခင်အား သက်သေခံဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် အသိဉာဏ်ပညာများ ဟောပြောဖို့၊ ဆွေးနွေးဖို့ဝါသနာမပါ။ ကိုယ်လုံးပြဟောပြောခြင်း စိတ်မဝင်စား။ ဂုဏ်သတင်း၊ ဉာဏ်ပညာတော်ကြောင်း မဝါကြွားလို။ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းသာ အလိုရှိသည်။ သို့ကြောင့် တေးဂီတ၊ အနုပညာ...