ဓမ္မရာဇဝင်တတိယစောင် ၃
(ခ) ရှောလမုန်ဘုရင်၏ ဉာဏ်ပညာ (အခန်း ၃) ၃:၁ ရှောလမုန်မင်းသည် အိမ်နီးချင်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ထိုခေတ်ကာလက ဘုန်းတန်ခိုးကြီးမားသော အဲဂုတ္တုဖာရောဘုရင်၏ သမီးတော် ကို လက်ထပ်ယူလိုက်သည်။ နိုင်ငံရေးပရိယာယ်အားဖြင့် ရွှေလမ်း၊ ငွေလမ်း၊ သံတမန်လမ်း ခင်းခြင်းဖြစ်သည်။ နိုင်ငံရေးအမြော်အမြင်ဖြင့် ထိုသို့ တပါးအမျိုးသားကို လက်ထပ်ယူသော်လည်း ဘုရားသခင်၏ ပညတ်တရားက ခွင့်မပြုပါ။ ဝိညာဉ်ရောဂါဆိုးကပ်ငြိခြင်းအဖြစ် သတ်မှတ်သည်။ တပါးအမျိုး...