ယောရှုမှတ်စာ ၁၅
၁၅:၁–၁၂ ယုဒလူတို့ ပိုင်မြေနယ်နိမိတ်ကို အငယ် ၁-၁၂ တွင် မှတ်တမ်းတင်ထားသည်။ မျက်မှောက်ကာလတွင် ထိုနယ်နိမိတ်အား အတိအကျမပြနိုင်တော့ပါ။ ထိုသို့ဆိုလျှင် ကျမ်းစာပါ အချက်အလက်များအားမေးခွန်းထုတ်လာနိုင်စရာအကြောင်းရှိပါသည်။ အသေးစိတ်နယ်နိမိတ်များသည် ဘုရားသခင်အမြင်တွင် အရေးကြီးပါသည်။ တန်ခိုးတော်မှုတ်သွင်းထားသောကြောင့် ဝိညာဉ်ရေးရာ သင်ခန်းစာအများအပြားရှိပါသည်။ ၁၅:၁၃–၃၀ ကာလက်က ဟေဗြုန်မြေအောင်နိုင်ပုံကို ငယ်၁၄တွင် မှတ်တမ်းတင်ထားပါသည်။ ကိရယသောဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သူအား သမီးအာခသနှင့်ပေးစားမည်ဟု ဆိုသည့်အတိုင်း အောင်နိုင်သူ ဩသံယေလနှင့်...