သုတ္တံကျမ်း ၃
(ဂ) ဉာဏ်ပညာဆုလက်ဆောင် (၃:၁–၁၀) ၃:၁ မိဘတိုင်းက မိမိတို့သားသမီးများကို လိမ္မာရေးခြားရှိပြီး၊ ကောင်းစားစေချင်ကြသည်။ ဉာဏ်ပညာ၏ သွန်သင်ချက်များနှင့် သမ္မာကျမ်းစာများကို မှတ်သားနာယူခြင်းဖြင့်သာ ထို့သို့ လိမ္မာနိုင်သည်။ သို့ကြောင့် ကျမ်းစာသွန်သင်ချက်များနှင့် ပညာရှိဆုံးမစကားများကို မြေဝယ်မကျ ရင်မှာစွဲမှတ်ထားဖို့ သွန်သင်ထားသည်။ ၃:၂ မိဘစကားနားထောင်သူများသည် အနာရောဂါကင်း၍ အသက်တာရှည်ကြသည်။ ဘဝအေးချမ်းလုံခြုံကြသည်။ ဘေးရန်ကင်းရှင်းသည်။ မိဘစကားနာခံလျှင် အဖျားအနာခလုတ်ကန်သင်း၊ ဆူးငြှောင့်နှင့်...