သုတ္တံကျမ်း ၆
(ဈ) မိုက်မဲစွာအာမခံခြင်း၊ ပျင်းရိခြင်း၊ လှည့်စားခြင်း (၆:၁–၁၉) ၆:၁ အပိုဒ်ငယ် (၅)ခုသည် သူတပါးအတွက် ကြားဝင်အာမခံပေးခြင်း အကြောင်း သတိပေးခြင်းဖြစ်သည်။ သူတပါး၏ ကြွေးမြီကို ဝင်ရောက် အာမခံပေးပါသလား။ ထိုစကားကြောင့် ကိုယ့်စကားနှင့်ကိုယ်ကြော့ကွင်းမိနေဦးမည်။ သင့်မိတ်ဆွေ အပေါင်းအသင်းက အရစ်ကျစနစ်ဖြင့် ကားဝယ်သည်ဆိုပါစို့။ သက်ဆိုင်ရာကုမ္ပဏီက ကားဝယ်သူအား အာမခံပေးမည့်သူကို လက်မှတ်ထိုးခိုင်းရာ ခင်မင်ရင်းနှီးမှုကို ထောက်ထား၍ ထိုးပေးလိုက်သည်။...