သုတ္တံကျမ်း ၉
(ဌ) ဉာဏ်ပညာနှင့်မိုက်မဲမှုတို့၏ဖိတ်ခေါ်သံ (၉:၁–၁၈) ၉:၁ ဉာဏ်ပညာသည် နာခံခြင်းရှိသူများအတွက် အိမ်ကြီးဂေဟာ တည်ဆောက်၍ ပွဲတော်တည်ခင်းဖို့ ပြင်ဆင်သည်။ ပွဲတော်ဆိုသည်မှာ ပျော်ရွှင်ခြင်း၊ မိတ်သင်္ဂဟပြုခြင်း၊ ဧည့်သည်များ ကျွေးမွေးခြင်း၊ သင်္ကေတ ဖြစ်သည်။ အိမ်တိုင်ခုနှစ်တိုင်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အချို့က ဟေရှာ ၁၁:၂ တွင် ပါရှိသည့် မေရှိယသခင်ကို အမှီသဟဲပြုသူများသည် သန့်ရှင်းဝိညာဉ်တော်၏ ဆုလက်ဆောင်ပါးပါးဆိုလိုသည်ဟု ရည်ညွှန်းကြသည်။...