ဟေရှာယအနာဂတ္တိကျမ်း ၂၇
၃။ ရွေးနှုတ်ထားသောဣသရေလများအတွက် တေးသီချင်း(အခန်း၂၇) ၂၇:၁ ရောက်လာမည့်ဘုရားသခင်နေ့ရက်တွင် ပြေးတတ်သောမြွေ လဝိသန်(အာရှုရိ)၊ လိမ်သောမြွေလဝိသန်(ဗာဗုလုန်)၊ ပင်လယ်၌ရှိသောနဂါး(အဲ ဂုတ္တု) တို့ကိုယေဟောဝါဘုရားသုတ်သင်ဖယ်ရှားပေးမည်။ အချို့ကျမ်းစာပညာ ရှင်များကထိုမကောင်းဆိုးဝါးသုံးကောင်စလုံးသည်ဗာဗုလုန်ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ အချို့ကစာတန်မာရ်နတ်ဟုဆိုကြသည်။ လောကတခွင်ကိုမွှေ နှောက်နိုင်စွမ်းရှိသောမြွေဆိုးသို့မဟုတ်နဂါးဖြစ်သည်ဟုဆိုကြသည်။ (က ၃:၁၊ ဗျာ၁၂:၃၊ ၁၃:၂၊ ၁၆:၃)။ ၂၇:၂-၆ ထိုနေ့ရက်ကာလတွင် ဘုရားသခင်ရွေးနှုတ်ထားသောစပျစ်ဥယျဉ် (ဣသရေလ)သည်ဘုရားရှင်အားချီးမွမ်းသီဆိုကြမည်။ ဘုရားသခင်ကစပျစ်ဥ ယျာဉ်အားနေ့ညဉ့်မပြတ်စောင့်ကြပ်မည်။ အမျက်ဒေါသသင့်ခြင်းအလျဉ်းမရှိ စေရ။ အကယ်၍ထိုစပျစ်ဥယျာဉ်အားမျက်စောင်းထိုးရန်ညိုးဖွဲ့သူပေါ်ပေါက်...