ဟေရှာယအနာဂတ္တိကျမ်း ၄၅
၆။ ဘုရားသခင်ဘိသိက်ပေးထားသောကုရုမင်း(အခန်း၄၅) ၄၅:၁-၆ ဘုရားသခင်ကကုရုမင်းကိုဘိသိက်ပေးထားသည်။ (ဟေဗြဲကျမ်း တွင်မေရှိယအရအတူတူဖြစ်သည်။ )အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကသူ့လူများအားသူတပါးဖမ်းဆီးခြင်းလက်အောက်မှကယ်ထုတ်ရန်ပါရှန်းဧကရာဇ် ကိုအသုံးပြုသည်။ ဘုရားသခင်ကပါရှန်းမင်းအားဗာဗုလုန်အပါအဝင်တိုင်းနိုင်ငံများအားအောင်မြင်သိမ်းပိုက်ခွင့်တန်ခိုးအစွမ်းပေးထားသည်။ ဝှက်ထားသော တန်ခိုးနှင့်ကြွယ်ဝခြင်းများကိုအပ်နှံသည်။ ဘုရားသခင်ကကုရုမင်းသားဆင့် ခေါ်ရာတွင်သူ့ကိုယ်သူတစ်ပါးတည်းသာဘုရားသခင်အဖြစ်မိတ်ဆက်၍ကုရု မင်းကိုလည်းဘိသိက်ပေးထားသောသိုးထိန်းဟုခေါ်ဝေါ်သည်(၄၄:၂၈)။ အမှု တော်အတွက်အသုံးပြုဖို့ဆင့်ခေါ်သည်။ ကုရုမင်းကိုအသုံးပြု၍ဘုရားရှင်၏လူများအပေါ်တွင်ဘုရားသခင်၏ဘုန်းတန်ခိုးထင်ရှားစေမည်။ လူအပေါင်းက လည်းယေဟောဝါဘုရားသခင်၏နာမတော်ကိုချီးမွမ်းကြမည်။ ၄၅:၇ အပိုဒ်ငယ်(၇)၏ဆိုလိုချက်သည်ဘုရားသခင်ကမကောင်းမှုဒုစ ရိုက်ဖန်ဆင်းကြောင်းဆိုလိုခြင်းမဟုတ်။၅၄ Delitzch က“ကနဦးခရစ်ယာန် heretic Marcion, Valetiniaus, Gnostic ဂိုဏ်းဂနများကဓမ္မဟောင်းခေတ်ဘုရားသခင်သည်ဓမ္မသစ်ခေတ် ဘုရားသခင်နှင့်မတူဟု...