ဟေရှာယအနာဂတ္တိကျမ်း ၄၈
၉။ ဣသရေလတို့လိမ္မာ၍ပြန်လာကြခြင်း(အခန်း၄၈) ၄၈:၁-၂ ဗာဗုလုန်လက်တော်သို့ဖမ်းဆီးခြင်းခံရသောယုဒများသို့လိပ်မူ ထားသည်။ လူများစုသည်မယုံကြည်ခေါင်းမာသူများဖြစ်သည်။ ယေဟောဝါဘု ရားသခင်အားယုံကြည်သူလူနည်းစုသာရှိသည်။ သူတို့ကိုသူတို့ဣသရေလ(ဘု ရားသခင်၏မင်းသား)ဟုခံယူကြသော်လည်းစင်စစ်တွင်မူမပီသကြ။ ယုဒ(ချီး မွမ်းခြင်း)မျိုးနွယ်ဖွားများဖြစ်သော်လည်းဘုရားသခင်ကိုချီးမွမ်းခြင်းမပြုကြ။ ဘုရားသခင်၏ဣသရေလလူမျိုးဟုခံယူကြသော်လည်း သူတို့အပြစ်ကိုဝန်မခံကြ။ သန့်ရှင်းသောမြို့တော်တမ်းတကြသော်လည်း သူတို့ကိုယ်တိုင်မှာမသန့် ရှင်းကြ။ ဣသရေလတို့၏ဘုရားဟုတိုင်တည်ကြသော်လည်းသူတို့ကိုယ်မှာဘု ရားတရားမဲ့ကြသည်။ ၄၈:၃-၅ ယုဒတို့၏သမိုင်းကြောင်းကိုဘုရားရှင်နိမိတ်ပေးပြီးဖြစ်သည်။ ထိုနိမိတ်ပေးသည့်အတိုင်းအမှန်တကယ်ကြုံတွေ့ကြသည်။ စိတ်နှလုံးမိုက်ရိုင်း ခြင်းနှင့်မာကျောခြင်းများကိုလည်းဘုရားရှင်သိသည်။ ထိုစိတ်သဘောထားကို ပြုပြင်ခြင်းမရှိ၊ရုပ်တုဆင်းတုကိုးကွယ်နေသရွေ့ကာလပတ်လုံးဘုရားသခင်က လှည့်ကြည့်မည်မဟုတ်။ ၄၈:၆-၈ ဘာသာရပ်အလှည့်အပြောင်းလုပ်ထားသည်။ ကုရုမင်းလက်...