ကမ္ဘာဦးကျမ်း ၃၆
၉။ ယာကုပ်အစ်ကို ဧသော၏သားစဉ်မြေးဆက် (အခန်း ၃၆) ၃၆:၁–၃၀ အခန်းကြီး(၃၆)သည် ပင်လယ်သေအရှေ့တောင်ဘက် ဧဒုံအရပ်တွင် နေထိုင်သော ဧသောမိသားစု သားမြေးစည်ဆက်အကြောင်း ဖြစ်သည်။ ၂၅:၂၃ ပါ ကတိတော်လာအတိုင်း ဧသော၏ သားမြေးစဉ်ဆက်သည် ထွန်းကားများပြားလာကြသဖြင့် ဧသောသည် လူမျိုးကြီးတစ်ခု၏ ဘိုးဘေး၊ ဖခင်ကြီးဖြစ်သည်။ ဧသောတွင် မယားသုံးယောက် (သို့မဟုတ်) လေးယောက်ရှိသည်။ အချို့မိန်းမများသည် နာမည်(၂)ခု...