Tag: ကောရိ န္တု သြဝါဒစာပဌမစောင်

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၃

    ၃:၁ ပထမအကြိမ် ကောရိန္သုသို့ ပေါလုရောက်ရှိစဉ် ယုံကြည်သူများကို နို့ရည်အစာသာ တိုက်ကျွေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောရိန္သုယုံကြည်သူများသည် ယုံကြည်ခြင်း၌ နို့စို့ အရွယ်များသာဖြစ်ကြသေးသည်။ သူ့အိုးနှင့်သူ့ဆန်တန်အောင် ချက်ကျွေးသည်။ ဝိညာဉ်ရေးရာ အစာအဖတ်များကို မခံယူနိုင်ကြသေး။ ခရစ်တော်၌ သူငယ်နှပ်စားများဖြစ်နေသည်။ ၃:၂ အာဟာရအဖတ် မစားနိုင်ကြသေးသောကြောင့် ဝိညာဉ်အာဟာရနို့ရည်ကိုသာ တိုက်ကျွေးသည်။ အဖတ်မစားနိုင်သောသူများကို အဖတ်ကျွေးခြင်းသည် အကျိုးမရျိ။ ထိုကဲ့သို့ပင် သခင်ယေရှုကလည်း “သင်တို့သည်...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၄

    ၄:၁ ပေါလုအပါအဝင် အခြားတမန်တော်များကိုလည်း ခရစ်တော်၏အစေခံ၊ ဘုရားသခင် ၏နက်နဲသော အစေခံများအဖြစ် မှတ်ယူစေချင်သည်။ အစေခံ ဆိုသည်မှာတစုံတရာ၏ ဝေယျာဝစ္စဗဟီရ လုပ်ဆောင်သူ ဖြစ်သည်။ ဘုရားသခင်၏နက်နဲသောအမှုတော် ဆိုသည်မှာ  ရှေးယခင်က သိမ်းဝှက်ထားသောအမှုအရာများကို ဓမ္မသစ်ကျမ်းတွင် ထုတ်ဖော်ခြင်းဖြစ်သည်။ ၄:၂ အမှုတော်ထမ်းဆောင်ရန် မရှိမဖြစ် လိုအပ်သောအချက်မှာ သစ္စာစောင့်သိခြင်း ဖြစ်သည်။ လူ့စံချိန်စံညွှန်းသည် လိမ္မာပါးနပ်မှု၊ ဉာဏ်ပညာထက်မြက်မှု၊ ချမ်းသာမှု၊ အောင်မြင်ကျော်ကြားမှု...

  • ကောရိ န္တု သြဝါဒစာပဌမစောင် ၅

    (ခ) ယုံကြည်သူများအကျင့်စာရိတ္တပျက်ပြားမှု(အခန်း၅) အခန်း(၅)တွင် ပေါ်လွင်ထင်ရှားစွာ အပြစ်ကျူးလွန်သူအား စည်းကမ်း ကလနားအရ ထိရောက်စွာ အရေးယူပုံ သွန်သင်ထားသည်။ စည်ကမ်းသည် ဒေသန္တရအသင်းတော်တွင် မရှိမဖြစ်လို အပ်ချက် ဖြစ်သည်။ ပတ်ဝန်းကျင် အမြင်တွင်လည်း စင်ကြယ်ရသည်။ သို့မှသာလျှင် ထိုသူများ အလယ်တွင် သန့်ရှင်းသော ဝိညာဉ်တော် စိုးစံလှုပ်ရှားနိုင်သည်။ ၅:၁  ကောရိန္သု အသင်းတော်ထဲတွင် ကျော်မကောင်း၊ ကြားမကောင်း ကာမညစ်ညမ်းမှု...