တရားသူကြီးမှတ်စာ ၁၈
(ခ) မိက္ခာနှင့် ဒန်အမျိုး (အခန်း ၁၈) ၁၈:၁–၆ ထိုကာလတွင် ဒန်အမျိုးသည် မိမိတို့ဝေစုပိုင်မြေကို မတင်းတိမ်နိုင်သဖြင့် နယ်မြေသစ် လိုက်လံရှာဖွေကြသည်။ (အပိုဒ်ငယ် ၁တွင် ပါရှိသည့် ဒန်လူမျိုးတို့ အမွေခြေမခံရဆိုသည်မှာ ယောရှုက ကတိတော်မြေခွဲဝေပေးစဉ် ဝေစုမရကြဟု ဆိုလိုသည်မဟုတ်။ မြေနေရာကျဉ်းသည်ဟု အဓိပ္ပါယ်ရသည်)။ နယ်မြေသစ်ရှာဖွေဖို့ ဒန်လူမျိုးတို့ လွှတ်လိုက်သော သူရဲကောင်းငါးဦးသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်ပေါ်သို့...