တောလည်ရာကျမ်း ၃
(ခ) လေဝိအမျိုးဦးရေနှင့် တာဝန်ဝတ္တရား (အခန်း ၃–၄) အခန်း ၁-၂တွင် ဖော်ပြသည့် တိုက်ခိုက်ရေးအင်အားစာရင်းတွင် မပါဝင်သော လေဝိအမျိုးအနွယ်၏ အမှုအရာများကို အခန်း၃နှင့် ၄တွင် သီးသန့်ရှင်းပြထားသည်။ လေဝိအမျိုးသည် ဘုရားသခင်၏ အမှုတော်ထမ်းဆောင်ရန် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်အခန်း သီးသန့်တာဝန်ချထားသူများ ဖြစ်သည်။ ဘုရားသခင်သည် အစပထမတွင် သားဦးများကို အမှုတော်ထမ်းဆောင်ရန် ရွေးချယ်သော်လည်း ကာလကြာလာသောအခါ သတ်သတ်မှတ်မှတ်စနစ်တကျရှိစေရန်...