Tag: မိက္ခာအနာဂတ္တိကျမ်း

  • မိက္ခာအနာဂတ္တိကျမ်း ၆

    ၇။ ဣသရေလတို့စစ်ဆေးမည့်အကြောင်း(အခန်း၆) ၆:၁–၅ ဣသရေလလူမျိုးအား စစ်ဆေးသောအခါ ဘုရားသခင်ဘက်မှတောင်ကြီ:တောင်ငယ်များက သက်သေခံကြမည်။ ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာပုံ၊ ဗာလတ်နှင့် ဗာလမ် ချိုင့်ဝှမ်းများတွင် ဆင်းရဲဒုက္ခဒဏ်မှ ကွယ်ကာစောင့်မခဲ့ပုံများကို ပြန်လည်ကြားနာစေမည်။           ၆:၆– ၈ အဘယ်ပူဇော်သက္ကာကို ယူဆောင်ချဉ်းကပ်၍ အမြင့်ဆုံးသော ဘုရားသခင်ရှေ့၌ ပူဇော်မည်နည်း။ ယဇ်ကောင်များဆိုလိုသည် မဟုတ်။ လူအားဖြင့်ယဇ်ပူဇော်ခြင်းမဟုတ်သည်မှာ သေချာသည်။ ကိုယ်တော်ဘုရားက တရားမျှတမှု၊ကရုဏာတရားနှင့်...

  • မိက္ခာအနာဂတ္တိကျမ်း ၇

    ၈။ တိုင်းနိုင်ငံများ မိမိတို့တိုင်းပြည်အတွက် ငိုကြွေးမည့်အကြောင်း(၇:၁–၁၀) ၇:၁-၂ ဤနေရာတွင် မိက္ခာသည် ဘုရားသခင်နှင့်တိုင်းနိုင်ငံများအကြားတွင် ရပ်တည်သည်။ မြို့ရွာများမှ ဖြောင့်မတ်သော ပြည်သားများသည် ပျောက်ကွယ်သွားကြပြီ။ အကြမ်းဖက်သတ်ဖြတ်မှု အနှံ့အပြားဖြစ်နေကြသည်။ ခေတ်ကာလလူများ၏ အခြေအနေကို ဆွတ်ယူစားချင့်စဖွယ်မကောင်း (အပြွတ်အခိုင်လိုက် တွဲလျက်မရှိ) သော​နွေကာလနှောင်း သင်္ဘောသဖန်းသီးနှင့်၎င်း၊ လိုက်လံစကောက်ထားသော စပျစ်သီးအကြွင်းအကျန်နှင့်၎င်း ခိုင်းနှိုင်းထားသည်။           ၇:၃–၆ အုပ်စိုးမည့်သူများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင်...